Skip to main content

[Kpop4you] ဇာတ်ကားတွေကို စိစစ်ရိုက်ကူးသွားမယ်ဆိုတဲ့ ဖွေးဖွေး

By|Myanmaronlinecreations




Celebrity News


Wednesday - July 24 - 2019

ဇာတ်ကားတွေကို စိစစ်ရိုက်ကူးသွားမယ်ဆိုတဲ့ ဖွေးဖွေး

ဇာတ်ကားရိုက်ကူးရေးနည်းသည့်သရုပ်ဆောင်ဖွေးဖွေးကနောက်ပိုင်းတွင်လည်းဇာတ်ကားများကိုပို၍စိစစ်ရိုက်ကူးမည်ဖြစ်ကြောင်းပြောသည်။
‘‘အားလုံးထဲမှာတော့ဖွေးကရိုက်ကူးရေးပိုနည်းပါတယ်။နောက်ပိုင်းမှာလည်းပိုစိစစ်ပြီးပိုပြီးလျှော့သွားဖို့ပဲရှိပါတယ်။ကားကောင်းတစ်နှစ်မှာအလွန်ဆုံးသုံးကားရှိရင်ကျေနပ်ပြီ။အဲဒီသုံးကားကိုအားသွန်ခွန်စိုက်နဲ့ကြိုးစားပြီးရိုက်လိုက်မယ်။ ကားတွေအများကြီးမရိုက်တော့ဘူး’’ဟု၎င်းကပြောသည်။


ပရိသတ်များကချစ်ကြိုက်ကွဲညားဇာတ်လမ်းများကိုမကြည့်ချင်တော့ဟုကြားသိရသဖြင့်အမျိုးအစားစုံအောင်ရိုက်ကူးခဲ့ကြောင်းပြောသည်။

‘‘အရင်နှစ်ကဆိုရွှေကြာ၊သမ္မတကြီးထံပေးစာ၊မုန်းစွဲ၊အချစ်တစ်ခုတည်းမဟုတ်ဘဲနိုင်ငံရေးနဲ့ပတ်သက်တာတွေ၊ဘာသာရေးနဲ့ပတ်သက်တာတွေ၊ပြည့်တန်ဆာနဲ့ပတ်သက်တာ၊သရဲနဲ့ပတ်သက်တာအကုန်စုံအောင်ရိုက်တယ်။ဒီနှစ်တော့ဖွေးအချစ်ဟာသလေးတွေပြန်ရိုက်ဖို့စဉ်းစားထားပါတယ်’’ဟု၎င်းကပြောသည်။

၎င်းပါ၀င်သရုပ်ဆောင်ထားသည့်‘သူစိမ်းအိမ်’ဇာတ်ကားရုံတင်ပြသချိန်တွင်ကားရိုက်နေစဉ်ဒဏ်ရာရသည့်ပုံများကိုအမှတ်တရတင်ပေးမည်ဟုဖွေးဖွေးကပြောသည်။

‘‘မခိုင်ကြီးနဲ့လည်းတကယ်ပစ်လဲရတယ်။ လက်တံတောင်ဆစ်တွေ၊ဒူးတွေမှာအညိုအမည်းတွေစွဲတယ်။အဲဒါကတော့အေးဆေးပါ။ဒါပေမဲ့ဦးလွင်မိုးကဗလအရမ်းကြီးတယ်။သူနဲ့သတ်ရတဲ့အခန်းမှာသူကmood၀င်အောင်ဆိုပြီးတကယ်သတ်တာ။နားရင်းလည်းအုပ်ခံရတယ်။နောက်ပြီးတော့လည်ပင်းညှစ်ရင်းမျက်နှာတွေလည်းကုတ်မိတယ်။ဒဏ်ရာအစစ်တွေနဲ့သရုပ်ဆောင်ထားတယ်’’ဟု၎င်းကပြောသည်။လက်ရှိအနုပညာလှုပ်ရှားမှုအနေဖြင့်ပွဲတက်၊ကြော်ငြာနှင့်ဓာတ်ပုံရိုက်ကူးရေးများလက်ခံထားကြောင်းဖွေးဖွေးကပြော သည်။

       


Comments

Popular posts from this blog

◼ Summer Comeback ပြုလုပ်ရန် Seventeen အဖွဲ့အတည်ပြုခဲ့ | Kpop4you

By| Hnin       News>>>     Seventeen အဖွဲ့က နွေရာသီ Comeback တစ်ခုပြုလုပ်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ July 12 နေ့က Seventeen အဖွဲ့ရဲ့ agency Entertainment ကပြောကြားလိုက်တာဖြစ်ပါတယ်။  ""Seventeen အဖွဲ့ရဲ့ New track အသစ်တစ်ခုကို August လ အစောပိုင်းလောက်မှာပဲ ထွက်ရှိတော့မှာပါ " " ဒါတင်မကသေးပါဘူး ဒီ Comeback အတွက် ကြော်ငြာ မှုတွေလုပ်မယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့လည်း အစီအစဉ် တွေရှိပါတယ်လို့" ပြောခဲ့ပါတယ်။   Seventeen အဖွဲ့က ရှေ့မှာတော့ January 21လောက်မှ သူတို့ရဲ့ ၆ ကြိမ်မြောက် mini album တစ်ခုဖြစ်တဲ့ "You Made My Dawn" လည်းထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ် သီချင်း အသစ်လေးကလည်း August လထဲမှာပဲထွက်ရှိတော့မှမို့ ပရိသတ် တွေ လည်းရင်ခုန်လောက်မယ်လို့ထင်ပါတယ်။ Fighting! 🖤  ( K-pop သတင်းလေးတွေ ကြိုက်နှစ်သတ်တယ်ဆိုရင် Like & share လေးလုပ်ပေးပါ)   

◼ Twice အဖွဲ့ဝင် MINA တစ်ယောက် ကျန်းမာရေး အခြေအနေကြောင့် ဖျော်ဖြေမှုတွေ မပြုလုပ်နိုင်ခဲ့ | Kpop4you

By|Kcele  K-pop girl group တစ်ခုဖြစ်တဲ့ Twice's အဖွဲ့ရဲ့ member ဝင်တစ်ယောက်ဖြစ်တဲ့ MINA ကဆိုရင် သူရဲ့ ကျန်းမာရေး အခြေအနေနဲ့ လူမှုရေးအခက်အခဲများကြောင့် TWICELIGHTS ဖျော်ဖြေပွဲ တွေမှာပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။     July လ 1 ရက်နေ့က Twice အဖွဲ့ရဲ့ management agency တစ်ခုဖြစ်တဲ့ JYP Entertainment က တရားဝင်ထုတ်ပြန်ကြောငြာခဲ့ပါတယ်။ အဲ့တာကတော့ MINA ဟာဆိုရင် သူရဲ့ အနုပညာ လှုပ်ရှားမှုတွေ ခနနားတော့မှာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်နေမှုကြောင့် world tourတွေမှာ ဖျော်ဖြေနိုင်မှာမဟုတ်ပါဘူးလို့သိရပါတယ်။ JYP Entertainment's ရဲ့ ထုတ်ပြန်ချက်တွေအရ: : " Hello  ဒါကတော့ JYP Entertainment ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လည်း MINA ရဲ့ကျန်းမာရေးအခြေအနေနဲ့ ရလဒ် တွေကို အမြဲဂရုစိုက်ပေးနေပါတယ်။  အခုလက်ရှိမှာတော့ stage ပေါ်မှာဖျော်ဖြေမူတွေအတွက် သူ့အတွက် စိတ်မချသေးတဲ့အခြေအနေကြောင့် သူဖျော်ဖြေဖို့ မရနိုင်ပါဘူး    ဒီနေရာမှာ သူမရဲ့ဆေးစစ်တမ်းတွေကိုသေချာမဖော်ပြနိုင်သေးပါဘူး။ ပြီးတော့ ကျန်းမာရေး အခြေအနေတွေ သေချာသိဖို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေ...

Kill This Love ရဲ့ဂျပန်ဗားရှင်းအတွက်အယ်လ်ဘမ်ကာဗာထုတ်ဖော်ပြသတဲ့ BLACKPINK

By|Hsu News Monday - August 19 - 2019 Kill This Love ရဲ့ဂျပန်ဗားရှင်းအတွက်အယ်လ်ဘမ်ကာဗာထုတ်ဖော်ပြသတဲ့ BLACKPINK အမျိုးသမီးကေပေါ့ပ်အဖွဲ့BLACKPINKသည်ဂျပန်နိုင်ငံသို့သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။ BLACKPINKအဖွဲ့သည်၎င်းတို့၏ကမ်ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကိုလတ်တလောအောင်မြင်စွာအဆုံးသတ်ပြီးလောလောဆယ်Kill This Loveသီချင်းပုံစံသစ်ပါ၀င်သောဂျပန်အယ်လ်ဘမ်ထွက်ရှိရေးအာရုံစိုက်နေသည်။ BLACKPINKအဆိုရှင်များသည်ဂျပန်ဗားရှင်းအယ်လ်ဘမ်ကာဗာအတွက်အဖြူနှင့်အမည်းဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့အပြင်BLACKPINKအနေဖြင့်ဂီတပုံစံသစ်တစ်ခုနှင့်ပတ်သက်၍ပြင်ဆင်နေပုံပေါ်ကြောင်းallkpopသတင်း၀က်ဘ်ဆိုက်ကဖော်ပြသည်။ Ref;allkpop           © 2019 myanmaronlinecreations.com