By|myanmaronlinecreations
News
Wednesday - July 24 - 2019
အထီးကျန်သေဆုံးခြင်း
ဂျပန်နိုင်ငံမှာ ဒီအကြောင်းအရာက လူတော်တော်များများအတွက် ထိတ်လန့်စရာဖြစ်ခဲ့သလို ဂျပန်နိုင်ငံရဲ့လူဦးရေအတွက်လည်း စိုးရိမ်စရာဖြစ်နေပါတယ်။ အဲ့တာက Kudokushi လို့ခေါ်တဲ့ အထီးကျန်စွာသေဆုံးခြင်းလို့အတိုချုံးပြောလို့ရပါတယ်။ တနည်းအားဖြင့် တစ်ယောက်တည်းနေရင်း ရုတ်တရက်သေဆုံးသွားရာက အချိန်ကြာတော့မှ သေဆုံးသွားခဲ့တယ်ဆိုတာကိုသိတာမျိုးပါ။ You Tube မှာ Kudokushi လို့ရိုက်ရှာလိုက်ရင် video တွေထွက်လာပါလိမ့်မယ်။
ဂျပန်နိုင်ငံမှာ ဒီပြသာနာက ၁၉၈၀ဝန်းကျင်ကတည်းကရှိခဲ့တာပါ။ နိုင်ငံရဲ့စီးပွားရေးကျပ်တည်းမှု၊ အသက်အရွယ်အိုမင်းရင့်ရော်သူ ဦးရေများပြားမှုတွေကြောင့် Kudokushi ပြသာနာတွေ တဖြည်းဖြည်းစိပ်လို့လာပါတယ်။ ထင်ထင်ရှားရှားအနေနဲ့ သတင်းစာခေါင်းကြီးပိုင်းမှာပါလာတဲ့သတင်းကတော့ လူတော်တော်များများကို သတိထားမိစေခဲ့ပါတယ်။ အသက်(၆၉)နှစ်အရွယ် အဘိုးအိုတစ်ယောက်သေဆုံးမှုက သူသေဆုံးပြီး (၃)နှစ်အကြာမှာမှ လောက်တွေ၊ ယင်ကောင်အမည်းတွေပြည့်နှက်နေတဲ့ အခန်းထဲမှာသေဆုံးနေကြောင်းတွေ့ရှိခဲ့ပါတယ်။ရက်၊လနဲ့ချီပြီး သေဆုံးထားလို့ ကြမ်းပြင်တွေပေါ်မှာ လူပုံစံအရိပ်မည်းတွေကျန်နေတက်ပါတယ်။
အထီးကျန်သေဆုံးရခြင်းရတဲ့အကြောင်းရင်းတွေထဲမှာ အိမ်ထောင်မပြုပဲ တစ်ယောက်တည်းသီးသန့်နေတဲ့သူတွေ၊ မိသားစုနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်နေတဲ့ သက်ကြီးအဘိုးအဘွားတွေနဲ့ လူမှုပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်နေထို်င်သူတွေပိုများပါတယ်။ ၂၀၀၉ခုနှစ် စစ်တမ်းအရ အထီးကျန်သေဆုံးမှုတွေမှာ အသက်အရွယ်အပိုင်းအခြားအလိုက် (၂၀နဲ့၃၉)ဝန်းကျင်က လူငယ်တွေကတော့ လူမှုကွန်ရက်ပေါ်က အမုန်းစကားတွေနဲ့ အလုပ်အကိုင်ခက်ခဲမှုတွေကြောင့် အထီးကျန်ဆန်လာကာ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်တောက်နေထိုင်ကြပါတယ်။ အဲ့လိုကနေ အသက်(၄၀)ရောက်လာတဲ့အခါ လုပ်ငန်းအခက်အခဲတွေကြောင့် ဝင်ငွေနည်းပါးပြီး ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်တောက်နေထိုင်ကြပါတယ်။ အသက်(၆၀)သမားတွေကျပြန်တော့ မိသားစုရဲ့အထောက်အပံ့မရတာမျိုး၊ အဆက်အသွယ်မရှိတော့တာမျိုးတွေရှိပြန်ပါတယ်။
ဒီလိုလူမျိုးတွေက များသောအားဖြင့် တိုက်ခန်းခပ်ကျဉ်းကျဉ်းလေးတွေမှာနေတက်ပါတယ်။ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်လုံးဝမလုပ်ကြလို့ ရုတ်တရက်သူတို့နာမကျန်းဖြစ်တဲ့အခါ၊ ရုတ်တရက်အကြောင်းတခုခုကြောင့် အခန်းထဲမှာသေဆုံးသွားခဲ့ရင်တောင် ပတ်ဝန်းကျင်က အနံ့အသက်ဆိုးတွေရတော့မှာသာ သေဆုံးနေတာမျိုးကို သိကြတာပါ။ တော်တော်ကိုဆိုးတဲ့ အထီးကျန်သေဆုံးခြင်းမျိုးပါ။
ဒီလိုသေဆုံးခြင်းအတွက် ဂျပန်နိုင်ငံမှာ သီးသန့်ဝန်ဆောင်မှုအဖွဲ့တွေရှိပါတယ်။အခန်းသန့်ရှင်းရေးလုပ်သူတွေပေါ့။ တော်ရုံတန်ရုံလူမျိုးဆိုရင် ဒီိလိုအလုပ်မျိုးလုပ်ဖို့ဆိုတာ စဉ်းစားမိမှာတော့မဟုတ်ပါဘူး။ အထီးကျန်သေဆုံးသွားသူတွေရဲ့ပိုင်ဆိုင်မှုတွေကိုတော့ အနည်းစပ်ဆုံးဆွေမျိုးတွေကိုဆက်သွယ်ပြီးပေးတာမျိုးရှိသလို လုံးဝအဆက်အသွယ်မရှိတော့ဘူးဆိုရင်တော့ ဂျပန်ရိုးရာအတိုင်းရွတ်ဖတ်ပြီး ပစ္စည်းအကောင်းတွေပြန်လည်ရောင်းချပေးပါတယ်။ ဂျပန်နိုင်ငံမှာ တစ်ယောက်တည်းနေထိုင်ရင်း အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသွားသူတွေရဲ့ အိမ်ခန်းတွေ၊ တိုက်ခန်းတွေကို သီးသန့်ရောင်းချပေးတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေလည်းရှိလို့နေပါတယ်။
အခုနောက်ပိုင်းမှာ Kudokushi လို့ခေါ်တဲ့ အထီးကျန်သေဆုံးခြင်းကို လျော့ချပေးဖို့ ပြည်နယ်တချို့မှာ ပရဟိတအသင်းတွေ၊ အဖွဲ့အစည်းတွေက သက်ကြီးရွယ်အိုတွေသီးသန့်နေထိုင်ရာ တိုက်ခန်းတွေ၊ အိ်မ်တွေကို လိုက်လံစစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ Campaign တွေပြုလုပ်ပြီး အထီးကျန်သေဆုံးခြင်းလျော့နိုင်သမျှလျော့လာအောင်လုပ်နေကြပါပြီ။

Comments
Post a Comment