Skip to main content

[Kpop4you] Angelina Jolie နဲ့အတူ Marvel ရုတ်ရှင်ဇာတ်ကားသစ်ကြီးမှာ ပါဝင်သရုတ်ဆောင်မဲ့ တောင်ကိုရီးယား လူကြမ်းမင်းသားကြီး Ma Dong Suk

By|celegabar.com
Thursday - July 25 - 2019




Angelina Jolie နဲ့အတူ Marvel ရုတ်ရှင်ဇာတ်ကားသစ်ကြီးမှာ ပါဝင်သရုတ်ဆောင်မဲ့ တောင်ကိုရီးယား လူကြမ်းမင်းသားကြီး Ma Dong Suk
ဖုတ်ကောင်သရဲ တွေများစွာ ကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ရတဲ့ အဖြစ်အပျက် ဇာတ်လမ်း တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားသော "Train to Busan" ဆိုတဲ့ ရင်ထိတ်သည်းဖို ကိုရီးယား ရုပ်ရှင်ကားကြီးကို ကြည့်ရှုဖူးသူတိုင်း ဇနီး နဲ့ ဗိုက်ထဲက ကလေးအတွက် အသက်ပေးပြီး ကာကွယ်သွားတဲ့ ဒီလူကြမ်းကြီးကို ရင်းနှီးခဲ့မယ်ဖြစ်တဲ့ မင်းသားကြီး Ma Don Suk ခေါ် Don Lee ဟာ တောင်ကိုရီးယား နိုင်ငံ ရဲ့အက်ရှင်ဇာတ်ကားတော်တော်များများကို ပင်တိုင် မင်းသားတစ်ယောက်အနေနဲ့ ပါဝင်နေတာလည်းဖြစ်ပါတယ်။





"Train to Busan" ရုပ်ရှင်ကားကြီးနဲ့ အာရှမှာသာမက အနောက်တိုင်း ရုပ်ရှင်လောကတွေအထိ ပရိတ်သတ်တွေ သတိထားမိစေခဲ့တဲ့ Ma Don Sul ဟာ လက်ရှိမှာတော့ သူရဲ့ နောက်ထပ် အနုပညာ လှုပ်ရှားမှုတွေ အနေနဲ့ Marvel Studio ' ရဲ့ရုပ်ရှင်သစ် ဖြစ်တဲ့ 'The Eternals' ဆိုတဲ့ Super Hero ရုပ်ရှင်ဇာတ်ကားသစ်ကြီးမှာ ပါဝင်မယ်လို့အတည်ပြုပြောကြားလာခဲ့ပါတယ်။






The Eternals' ရုပ်ရှင်ဇာတ်ကားကြီးမှာ ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Angelina Jolie က Thena ဆိုတဲ့ ဇာတ်ကောင်မှာပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး နောက်ထပ် ကမ်ဘာကျော် သရုပ်ဆောင် တွေဖြစ်ကြတဲ့ Richard Madden က Ikaris အဖြစ်၊ Salma Hayek က Ajax(leader of the Eternals)အဖြစ်၊ Brian Tyree Henry က Phastos အဖြစ်၊
Lia McHugh က Sprite အဖြစ်၊ Kumail Nanjiana က Kingo အဖြစ်၊ Lauren Ridloff က Makkari အဖြစ် အသီးသီး သရုပ်ဆောင် သွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယား မင်းသား Don Lee ကတော့ Gilgamesh ဇာတ်ကောင်မှာသရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီ 'The Eternals ' ဆိုတဲ့ Super Hero အမျိူးအစား ရုပ်ရှင်ဇာတ်ကားကြီးကို လာမဲ့ (၂၀၂၀) ခုနှစ်မှာ ထွက်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။

Comments

Popular posts from this blog

[Kpop4you] Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ်

By|MinKhant (kpopper) News Wednesday  - July 24- 2019 Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ် အမျိုးသမီးကေပေါ့ပ်Girls’Generationအဖွဲ့၀င်ယွန်နာနှင့်သရုပ်ဆောင်မင်းသားဂျိုဂျောင်ဆွတ်ခ်သည်JTBCရုပ်သံဌာနကထုတ်လုပ်ဖြန့်ချိသောKnowingBrothersဖျော်ဖြေရေးအစီအစဉ်တွင်ဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ ‘‘သရုပ်ဆောင်ဂျိုဂျောင်ဆွတ်ခ်နဲ့ယွန်နာဟာဇူလိုင်၁၈ရက်KnowingBrothersအစီအစဉ်အတွက်ရိုက်ကူးနေပါတယ်’’ဟုJTBCကဇူလိုင်အတွင်းတည်ပြုခဲ့သည်။ ယွန်နာနှင့်ဂျိုဂျောင်ဆွတ်ခ်သည်ထွက်ရှိတော့မည့်သည်းထိတ်ရင်ဖိုစွန့်စားခန်းရုပ်ရှင်Exitတွင် အဆိပ်ဓာတ်ငွေ့သင့်မြို့တစ်မြို့မှထွက်ပြေးရမည့်အလုပ်လက်မဲ့အမျိုးသားတစ်ဦးနှင့်ကောလိပ်ကျောင်းသူတစ်ဦးအကြောင်း သရုပ်ဆောင်ထားသည်။ ထို့အပြင်၎င်းတို့နှစ်ဦးသည်RunningManပဒေသာဖျော်ဖြေရေးအစီအစဉ်တွင်လည်းဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ Ref;allkpop

◼ Summer Comeback ပြုလုပ်ရန် Seventeen အဖွဲ့အတည်ပြုခဲ့ | Kpop4you

By| Hnin       News>>>     Seventeen အဖွဲ့က နွေရာသီ Comeback တစ်ခုပြုလုပ်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ July 12 နေ့က Seventeen အဖွဲ့ရဲ့ agency Entertainment ကပြောကြားလိုက်တာဖြစ်ပါတယ်။  ""Seventeen အဖွဲ့ရဲ့ New track အသစ်တစ်ခုကို August လ အစောပိုင်းလောက်မှာပဲ ထွက်ရှိတော့မှာပါ " " ဒါတင်မကသေးပါဘူး ဒီ Comeback အတွက် ကြော်ငြာ မှုတွေလုပ်မယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့လည်း အစီအစဉ် တွေရှိပါတယ်လို့" ပြောခဲ့ပါတယ်။   Seventeen အဖွဲ့က ရှေ့မှာတော့ January 21လောက်မှ သူတို့ရဲ့ ၆ ကြိမ်မြောက် mini album တစ်ခုဖြစ်တဲ့ "You Made My Dawn" လည်းထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ် သီချင်း အသစ်လေးကလည်း August လထဲမှာပဲထွက်ရှိတော့မှမို့ ပရိသတ် တွေ လည်းရင်ခုန်လောက်မယ်လို့ထင်ပါတယ်။ Fighting! 🖤  ( K-pop သတင်းလေးတွေ ကြိုက်နှစ်သတ်တယ်ဆိုရင် Like & share လေးလုပ်ပေးပါ)   

[Kpop4you] Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon

By|YeYint Thursday - July 25 - 2019 Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon     နာမည်ကျော် တောင်ကိုရီးယားမင်းသားချော Song Seung Heon အဆိုတော်မင်းသမီးလေး Iu အတွက်လက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။     ဇူလိုင်လ ၂၄ရက်နေ့ကမင်းသား Song Seung Heon ဟာ IU ရဲ့ဇာတ်လမ်းတွဲအသစ်ကိုအားပေးနေကြောင်းပြသတဲ့အနေနဲ့ သူမနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေသောက်ဖို့ ကော်ဖီကားတစ်စီးပို့ပေးခဲ့တာဖြစ်ပါတယ်။ ကော်ဖီ ကားနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေအားတင်းထားကြပါ! IU ရဲ့ fan club ဥက္ကဌ - မင်းသား Song Seung Heon" ဆိုတဲ့စာသားလေးပါရေးထားပါတယ်။သူဟာ IU ရဲ့ ပရိသတ်အကြီးစားပါပေါ့။ အရင်တုန်းကလည်းသူဟာ IU ရဲ့ ပရိသတ် ဖြစ်ကြောင်း မကြာခဏပြောပြခဲ့ဘူးပါတယ်။   IU ကလည်းကော်ဖီကားရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံလေးကို အင်စတာဂရမ်မှာပြန်တင်ရင်း မင်းသား Song Seung Heon ကိုကျေးဇူးတင်ကြောင်းနဲ့ သူမအကောင်းဆုံးလုပ်သွားပါမယ်ဆိုတဲ့အကြောင်းစာသားလေးတင်ထားခဲ့ပါတယ်။အခုလက်ရှိက်ကူးပြသနေဆဲ "Hotel Del Luna" ဇာတ်လမ်းတွဲသစ်ပထမကတည်းကစလို့ ယခုထွက်ရှိပြီးအပိုင်းတွေအထိ ပရိသတ်စိတ်...