By|Zayar Lynn( kpop4you member)
Saturday - July 27 - 2019
လူ့ဘဝသက်တမ်းဆိုတာ တိုတိုလေးပါ။ ဘယ်အချိန်မှာ သေမင်းရဲ့ ဘယ်လိုခေါ်ခံရမလဲ မသိတဲ့အချိန် ကိုယ့်ဘဝသက်တမ်းတစ်လျှောက်လုံးကို ဖိအားတွေ၊ အမုန်းတရားတွေ၊ အာဏာတတွေဘာလို့များထားနေကြမလဲ။ အကောင်း၊ အဆိုး၊ အနိမ့်၊ အမြင့် လောကဓံလှိုင်းတွေထဲမှာ လူတိုင်း လူတိုင်း စုန်ချည်၊ဆန်ချည် စီးဆင်းနေကြဆဲပါ။
အကောင်းတွေပဲဖြစ်လာမယ်လို့ ဘယ်သူမှအာမ မခံနိုင်သလို အဆိုးတွေကြီးပဲ ခံနေရမယ်လို့ သတ်မှတ်ချက်တွေမရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အမုန်းတွေနဲ့ ရှေ့ဆက်နေကြမယ့်အစား အမုန်းတရားတွေ အဖြေရှာပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနိုင်ပါတယ်။ ရင်ထဲက အစိုင်အခဲတွေကို တစ်သက်လုံးသိမ်းထားရင်း ကိုယ်သဘောမကျတဲ့လူတွေအတွက် အချိန်ကုန်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်ကလေးနဲ့ပြန်ကြည့်ပါ။ အရာရာဟာ လှပနေတာကို သင်မြင်ပါလိမ့်မယ်။
တစ်ခါတစ်ရံမှာ အဆိုးမြင်စိတ်တွေ၊လောဘတွေက သင့်ရဲ့ ဖြူစင်ချင်နေတဲ့စိတ်ကို ဝါးမျိုးထားတက်ပါတယ်။ ကိုယ့်ဘဝကောင်းစားဖို့ တပါးသူရဲ့ဘဝတွေကို လှေကားလုပ်စရာမလိုပါဘူး။ ကိုယ်တိုးတက်ဖို့ သူတစ်ပါးကို ချောက်ချစရာမလိုပါဘူး။ အချင်းချင်းရန်တိုက်ပေးစရာမလိုပါဘူး။ စဉ်းစားကြည့်ပါ။ သင် ဒီတစ်ဘဝစာလေးကောင်းစားဖို့ ကြောက်စရာကောင်းတဲ့အမှားတွေလုပ်နေမိပြီဆိုတာ။
သေဆုံးသွားတဲ့အချိန် ကိုယ့်အတွက်ပါသွားနိုင်တာဆိုလို့ ဗုဒ္ဓဘာသာအရကြည့်ရင် ကိုယ်ပြုလုပ်ထားတဲ့ ကုသိုလ်ကံပဲရှိတာပါ။ သင်ရှာထားတဲ့ ငွေတွေ၊ ပစ္စည်းဥစ္စာတွေ၊ ဂုဏ်ပဏာသနတွေက သင်ပျောက်ကွယ်သွားတာနဲ့ အားလုံးထားခဲ့ရမယ့်အရာတွေပါ။ အားလုံးထားခဲ့ရမယ့်အချိန်မျိုးမှာ ဘာတွေကို နောက်စံတင်းပြီးနေကြမလဲ။ ကိုယ်တန်ဖိုးထားချစ်ခင်ရမယ့်သူတွေကို အတက်နိုင်ဆုံး ဂရုစိုက် တန်ဖိုးထားပါ။ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ရင်ဖွင့်စရာတွေရှိရင် ဝေမျှပါ။ ဘဝကြီးကို ပျော်အောင်နေပါ။ ကောင်းမှုကုသိုလ်များများလုပ်ပါ။ အမုန်းတရားတွေကို တက်နိုင်သမျှဖြေလျော့ပစ်ပါ။ ကိုယ်ချင်းစာစိတ်ထားရှိပါ။
ဘဝအမုန်းတွေကင်းဝေကြစေဖို့ ရည်ရွယ်ရေးသားရင်း………..

Comments
Post a Comment