By|Hsu
Realtionship တွေမှာ အမြဲတမ်းအဆင်ပြေနေတာက ပျင်းစရာကြီးနော်။ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းလေး ကတောက်ကဆလေးဖြစ်လိုက်ရမှ ချစ်သူဘဝကပိုကြည်နူးဖို့ကောင်းတယ်ဆိုတော့လေ….
မတူညီတဲ့လူနှစ်ယောက်ပေါင်းစည်းထားတဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်တော့ ရန်ဖြစ်မိကြမှာပဲလေ။ ကိစ္စသေးသေးလေးကစလို့ ဥပမာ ဖုန်းဆက်တာ ဖုန်းမကိုင်လို့ ပြသာနာရှာတာလေးတွေ၊ အိပ်ယာထနောက်ကျလို့ ချိန်းတဲ့နေရာကို နောက်ကျမှရောက်လာတာလေးတွေ၊ ရောက်နေပြီပြောပြီး အိမ်မှာပဲရှိသေးတဲ့ အထာလေးတွေများရှိရင် စပါပြီ။ ရွှေစိတ်တော်ညှိုးပါပြီ။ တချို့ဆို fbကြီးမှာ အကောင့်သစ်လေးလုပ် ဟို အီစီကလီ ဒီ အီစီကလီ။ မိသွားပြီဆိုရင်တော့ သွားပြီ ရန်တွေဖြစ်ကြပြီ။ ဒါပေမယ့် အဲ့လိုရန်ဖြစ်လို့ ကွဲသွားမယ်မထင်နဲ့နော်။ ချစ်လွန်းတော့လည်း တစ်ယောက်နဲ့တစ်ယောက်ပြန်ချော့ကြရင်း သံဃောဇဉ်တွေပိုတိုး၊ နားလည်မှုတွေပိုပြီး အချစ်တွေပိုတိုးကြပြန်လေရောတဲ့လေ။
အဲ့လိုရန်ဖြစ်ပြီး ပြန်ချော့လိုက်လို့ စိတ်ကောက်ပြေသွားတဲ့အချိန်က ပထမဦးဆုံးအကြိမ် စစတွဲခဲ့တဲ့ feelingမျိုးဆိုပဲနော်။
မင်မင့်သူငယ်ချင်းတွေရော ကိုယ်ကစိတ်ဆိုးလို့ ကိုယ့်ကောင်လေးကပဲဖြစ်ဖြစ်၊ကိုယ့်ကောင်မလေးဘက်ပဲဖြစ်ဖြစ် ပြန်လာချော့ရင် ဘယ်လိုတွေတောင် ပြန်ချေကြလည်း……
Comments
Post a Comment