Skip to main content

[K-pop4you] သရဲကားကြည့်ရင် ဒါတွေကောင်းတယ်

By|MinKhantKyaw


K-Knowledge 4 You

   Wednesday - July 24 - 2019


သရဲကားကြည့်ရင် ဒါတွေကောင်းတယ်

တကယ်မဟုတ်မှန်းသိပေမယ့်လည်း ကြောက်စရာကောင်းတဲ့ အသံတွေနဲ့ ရုပ်တွေမြင်ရင် ငယ်သံပါအောင် အော်ပြီး သရဲကားကို ကြည့်ကြပါတယ်။ ကြောက်လွန်းလို့ ဘေးကသူငယ်ချင်းတွေကို ကွယ်ပြီး ရုပ်ရှင်တကားလုံးပြီးအောင်ကြည့်တာလည်း သူတို့ပါပဲ။ ရုတ်တရက်ထိတ်လန့်စရာကောင်းတဲ့အခန်းမျိုးတွေမှာဖြစ်တက်တဲ့ စိတ်လှုပ်ရှားမှုတွေကိုသဘောကျလို့ ကြည့်ကြသလို၊ တချို့ကြပြန်တော့လည်း ကြောက်တက်လို့ကို သရဲကားကြည့်တဲ့သူတွေလည်း ပါပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သရဲကားကြည့်တဲ့အခါ ကျန်းမာရေးအတွက် ကောင်းစေနိုင်တဲ့ ကောင်းကျိုးတွေကို ဗဟုသုတအနေနဲ့ မင်မင်ကပြောပေးချင်ပါတယ်။
(၁)နှုတ်ဆိတ်မှုကိုပေးပါတယ်။
သရဲကားကြည့်တာက တခြားရုပ်ရှင်တွေကြည့်တာနဲ့မတူဘူးဆိုတာ အားလုံးသိမှာပါ။ တကယ်ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်းတွေဆိုရင် ဇာတ်လမ်းအစကနေ လုံးဝအသက်ရှုတောင်မကြားရအောင် ငြိမ်ပြီး ကြည့်နေရတာကိုက feelတစ်ခုပါ။ သရဲကားကြည့်နေတဲ့ဘယ်သူမှစကားအများကြီးမပြောပဲ ငြိမ်နေတာကို သရဲကားကြည့်ခြင်းရဲ့ထူးခြားချက်ပါ။ မယုံရင် conjuring ကိုတစ်ယောက်တည်းကြည့်ကြည့်ပေါ့။
(၂)ဦးနှောက်အတွက်ကောင်းစေပါတယ်။(အထူးသဖြင့်အမျိုးသမီး)
ထိတ်လန့်ဖွယ်ရုပ်ရှင်တွေကို ကြည့်ခြင်းက အမျိုးသမီးတွေရဲ့ ဦးနှောက်အတွက် ပိုပြီးကောင်းစေတယ်လို့ သုတေသနပြုလုပ်ထားတဲ့စာတမ်းတွေမှာဖော်ပြပါတယ်။ ဆေးပညာကျွမ်းကျင်သူတွေက ကြောက်စရာကောင်းတဲ့ရုပ်ရှင်တွေကြောင့်စိတ်လှုပ်ရှားလာတဲ့အခါ အဒရီနယ်ဂလင်းကနေ ထုတ်လွှတ်ပေးတဲ့ နှလုံးခုန်နှုန်းကြောင့် သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေပါတယ်။ အဲ့ဒီအကျိုးဆက်က ဦးနှောက်တစ်ခုလုံးရဲ့လုပ်ဆောင်ချက်ကို ပိုပြီးတက်ကြွစေပြီး ဖိအားတွေကိုလျော့နည်းစေပါတယ်။
(၃)တကယ့်လက်တွေ့ဘဝကိုရင်ဆိုင်ရဲလာပါတယ်။
ယူတက်ရင် ပညာရတယ်ဆိုတဲ့စကားအတိုင်း ထိတ််လန့်စရာကောင်းတဲ့ရုပ်ရှင်တွေဆိုပေမယ့်လည်း တကယ်လို့သာ ရုပ်ရှင်ထဲကအတိုင်း ဆိုးဆိုးရွားရွားမဟုတ်ရင်တောင် ပြသာနာတစ်ခုနဲ့ရင်ဆိုင်လာရရင် ကိုယ့်အနေနဲ့ ဘယ်လိုအဖြေရှာ ဖြေရှင်းရမလည်းဆိုတာ အလိုလိုသိနေနိုင်ပါတယ်။ ကို်ယ့်ကိုကိုယ့် ကာကွယ်နည်းကိုပါသိနိုင်ပါတယ်။
(၄)ခံစားချက်တွေဖလှယ်ကြမယ်။
ဒါကတော့ ချစ်သူတွေအတွက် ပိုပြီးကောင်းပါတယ်။ သရဲကားကြည့်တဲ့အခါ ကောင်မလေးကသိပ်ကြောက်တက်ရင် ကောင်လေးကရင်ခွင်ထဲထည့်ထားလိုက်။ တကယ်တော့ ကိုယ်လည်းကြောက်နေတယ်ဆိုတာကိုတော့ ကောင်မလေးမသိစေနဲ့ပေါ့နော်။
(၅)ကယ်လိုရီိကို ကျစေနိုင်။
Westminster တက္ကသိုလ်ရဲ့ လေ့လာချက်တွေပေါ်အခြေခံပြီး ထိတ်လန့်ဖွယ်ကောင်းတဲ့ရုပ်ရှင်ကားတွေက ခန္ဓာကိုယ်မှာမလိုအပ်တဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်။ တစ်နာရီစာလမ်းလျှောက်လိုက်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏနဲ့ညီမျှပါတယ်။
သရဲကားကြည့်လို့ ဒီလိုကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းဆိုသေးတယ်ဆိုတော့ နှလုံးအားနည်းတဲ့သူတွေနဲ့ သိပ်ကြောက်တက်လွန်းတဲ့သူတွေကတော့ မကြည့်တာကပိုပြီးကောင်းပါလိမ့်မယ်။

Comments

Popular posts from this blog

◼ Summer Comeback ပြုလုပ်ရန် Seventeen အဖွဲ့အတည်ပြုခဲ့ | Kpop4you

By| Hnin       News>>>     Seventeen အဖွဲ့က နွေရာသီ Comeback တစ်ခုပြုလုပ်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ July 12 နေ့က Seventeen အဖွဲ့ရဲ့ agency Entertainment ကပြောကြားလိုက်တာဖြစ်ပါတယ်။  ""Seventeen အဖွဲ့ရဲ့ New track အသစ်တစ်ခုကို August လ အစောပိုင်းလောက်မှာပဲ ထွက်ရှိတော့မှာပါ " " ဒါတင်မကသေးပါဘူး ဒီ Comeback အတွက် ကြော်ငြာ မှုတွေလုပ်မယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့လည်း အစီအစဉ် တွေရှိပါတယ်လို့" ပြောခဲ့ပါတယ်။   Seventeen အဖွဲ့က ရှေ့မှာတော့ January 21လောက်မှ သူတို့ရဲ့ ၆ ကြိမ်မြောက် mini album တစ်ခုဖြစ်တဲ့ "You Made My Dawn" လည်းထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ် သီချင်း အသစ်လေးကလည်း August လထဲမှာပဲထွက်ရှိတော့မှမို့ ပရိသတ် တွေ လည်းရင်ခုန်လောက်မယ်လို့ထင်ပါတယ်။ Fighting! 🖤  ( K-pop သတင်းလေးတွေ ကြိုက်နှစ်သတ်တယ်ဆိုရင် Like & share လေးလုပ်ပေးပါ)   

◼ Twice အဖွဲ့ဝင် MINA တစ်ယောက် ကျန်းမာရေး အခြေအနေကြောင့် ဖျော်ဖြေမှုတွေ မပြုလုပ်နိုင်ခဲ့ | Kpop4you

By|Kcele  K-pop girl group တစ်ခုဖြစ်တဲ့ Twice's အဖွဲ့ရဲ့ member ဝင်တစ်ယောက်ဖြစ်တဲ့ MINA ကဆိုရင် သူရဲ့ ကျန်းမာရေး အခြေအနေနဲ့ လူမှုရေးအခက်အခဲများကြောင့် TWICELIGHTS ဖျော်ဖြေပွဲ တွေမှာပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။     July လ 1 ရက်နေ့က Twice အဖွဲ့ရဲ့ management agency တစ်ခုဖြစ်တဲ့ JYP Entertainment က တရားဝင်ထုတ်ပြန်ကြောငြာခဲ့ပါတယ်။ အဲ့တာကတော့ MINA ဟာဆိုရင် သူရဲ့ အနုပညာ လှုပ်ရှားမှုတွေ ခနနားတော့မှာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်နေမှုကြောင့် world tourတွေမှာ ဖျော်ဖြေနိုင်မှာမဟုတ်ပါဘူးလို့သိရပါတယ်။ JYP Entertainment's ရဲ့ ထုတ်ပြန်ချက်တွေအရ: : " Hello  ဒါကတော့ JYP Entertainment ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လည်း MINA ရဲ့ကျန်းမာရေးအခြေအနေနဲ့ ရလဒ် တွေကို အမြဲဂရုစိုက်ပေးနေပါတယ်။  အခုလက်ရှိမှာတော့ stage ပေါ်မှာဖျော်ဖြေမူတွေအတွက် သူ့အတွက် စိတ်မချသေးတဲ့အခြေအနေကြောင့် သူဖျော်ဖြေဖို့ မရနိုင်ပါဘူး    ဒီနေရာမှာ သူမရဲ့ဆေးစစ်တမ်းတွေကိုသေချာမဖော်ပြနိုင်သေးပါဘူး။ ပြီးတော့ ကျန်းမာရေး အခြေအနေတွေ သေချာသိဖို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေ...

Kill This Love ရဲ့ဂျပန်ဗားရှင်းအတွက်အယ်လ်ဘမ်ကာဗာထုတ်ဖော်ပြသတဲ့ BLACKPINK

By|Hsu News Monday - August 19 - 2019 Kill This Love ရဲ့ဂျပန်ဗားရှင်းအတွက်အယ်လ်ဘမ်ကာဗာထုတ်ဖော်ပြသတဲ့ BLACKPINK အမျိုးသမီးကေပေါ့ပ်အဖွဲ့BLACKPINKသည်ဂျပန်နိုင်ငံသို့သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။ BLACKPINKအဖွဲ့သည်၎င်းတို့၏ကမ်ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကိုလတ်တလောအောင်မြင်စွာအဆုံးသတ်ပြီးလောလောဆယ်Kill This Loveသီချင်းပုံစံသစ်ပါ၀င်သောဂျပန်အယ်လ်ဘမ်ထွက်ရှိရေးအာရုံစိုက်နေသည်။ BLACKPINKအဆိုရှင်များသည်ဂျပန်ဗားရှင်းအယ်လ်ဘမ်ကာဗာအတွက်အဖြူနှင့်အမည်းဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့အပြင်BLACKPINKအနေဖြင့်ဂီတပုံစံသစ်တစ်ခုနှင့်ပတ်သက်၍ပြင်ဆင်နေပုံပေါ်ကြောင်းallkpopသတင်း၀က်ဘ်ဆိုက်ကဖော်ပြသည်။ Ref;allkpop           © 2019 myanmaronlinecreations.com