Skip to main content

[Kpop4you] Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon

By|YeYint
Thursday - July 25 - 2019


Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon
   နာမည်ကျော် တောင်ကိုရီးယားမင်းသားချော Song Seung Heon အဆိုတော်မင်းသမီးလေး Iu အတွက်လက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။
    ဇူလိုင်လ ၂၄ရက်နေ့ကမင်းသား Song Seung Heon ဟာ IU ရဲ့ဇာတ်လမ်းတွဲအသစ်ကိုအားပေးနေကြောင်းပြသတဲ့အနေနဲ့ သူမနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေသောက်ဖို့ ကော်ဖီကားတစ်စီးပို့ပေးခဲ့တာဖြစ်ပါတယ်။




ကော်ဖီ ကားနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေအားတင်းထားကြပါ! IU ရဲ့ fan club ဥက္ကဌ - မင်းသား Song Seung Heon" ဆိုတဲ့စာသားလေးပါရေးထားပါတယ်။သူဟာ IU ရဲ့ ပရိသတ်အကြီးစားပါပေါ့။ အရင်တုန်းကလည်းသူဟာ IU ရဲ့ ပရိသတ် ဖြစ်ကြောင်း မကြာခဏပြောပြခဲ့ဘူးပါတယ်။




  IU ကလည်းကော်ဖီကားရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံလေးကို အင်စတာဂရမ်မှာပြန်တင်ရင်း မင်းသား Song Seung Heon ကိုကျေးဇူးတင်ကြောင်းနဲ့ သူမအကောင်းဆုံးလုပ်သွားပါမယ်ဆိုတဲ့အကြောင်းစာသားလေးတင်ထားခဲ့ပါတယ်။အခုလက်ရှိက်ကူးပြသနေဆဲ "Hotel Del Luna" ဇာတ်လမ်းတွဲသစ်ပထမကတည်းကစလို့ ယခုထွက်ရှိပြီးအပိုင်းတွေအထိ ပရိသတ်စိတ်ဝင်စားမှုကို မပျက်မကွက်ရရှိထားတဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်၊
  "Hotel Del Luna" ဇာတ်လမ်းတွဲမှာ IU ဟာမင်းသား Yeo Jin Goo နဲ့တွဲဖက်သရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းတွဲကောင်းလေးဖြစ်လို့ကေဒရမ်မာ ပရိတ်သတ်တွေလက်မလွတ်သင့်ပါဘူးနော်။

Comments

Popular posts from this blog

◼ Summer Comeback ပြုလုပ်ရန် Seventeen အဖွဲ့အတည်ပြုခဲ့ | Kpop4you

By| Hnin       News>>>     Seventeen အဖွဲ့က နွေရာသီ Comeback တစ်ခုပြုလုပ်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ July 12 နေ့က Seventeen အဖွဲ့ရဲ့ agency Entertainment ကပြောကြားလိုက်တာဖြစ်ပါတယ်။  ""Seventeen အဖွဲ့ရဲ့ New track အသစ်တစ်ခုကို August လ အစောပိုင်းလောက်မှာပဲ ထွက်ရှိတော့မှာပါ " " ဒါတင်မကသေးပါဘူး ဒီ Comeback အတွက် ကြော်ငြာ မှုတွေလုပ်မယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့လည်း အစီအစဉ် တွေရှိပါတယ်လို့" ပြောခဲ့ပါတယ်။   Seventeen အဖွဲ့က ရှေ့မှာတော့ January 21လောက်မှ သူတို့ရဲ့ ၆ ကြိမ်မြောက် mini album တစ်ခုဖြစ်တဲ့ "You Made My Dawn" လည်းထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ် သီချင်း အသစ်လေးကလည်း August လထဲမှာပဲထွက်ရှိတော့မှမို့ ပရိသတ် တွေ လည်းရင်ခုန်လောက်မယ်လို့ထင်ပါတယ်။ Fighting! 🖤  ( K-pop သတင်းလေးတွေ ကြိုက်နှစ်သတ်တယ်ဆိုရင် Like & share လေးလုပ်ပေးပါ)   

◼ Twice အဖွဲ့ဝင် MINA တစ်ယောက် ကျန်းမာရေး အခြေအနေကြောင့် ဖျော်ဖြေမှုတွေ မပြုလုပ်နိုင်ခဲ့ | Kpop4you

By|Kcele  K-pop girl group တစ်ခုဖြစ်တဲ့ Twice's အဖွဲ့ရဲ့ member ဝင်တစ်ယောက်ဖြစ်တဲ့ MINA ကဆိုရင် သူရဲ့ ကျန်းမာရေး အခြေအနေနဲ့ လူမှုရေးအခက်အခဲများကြောင့် TWICELIGHTS ဖျော်ဖြေပွဲ တွေမှာပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။     July လ 1 ရက်နေ့က Twice အဖွဲ့ရဲ့ management agency တစ်ခုဖြစ်တဲ့ JYP Entertainment က တရားဝင်ထုတ်ပြန်ကြောငြာခဲ့ပါတယ်။ အဲ့တာကတော့ MINA ဟာဆိုရင် သူရဲ့ အနုပညာ လှုပ်ရှားမှုတွေ ခနနားတော့မှာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်နေမှုကြောင့် world tourတွေမှာ ဖျော်ဖြေနိုင်မှာမဟုတ်ပါဘူးလို့သိရပါတယ်။ JYP Entertainment's ရဲ့ ထုတ်ပြန်ချက်တွေအရ: : " Hello  ဒါကတော့ JYP Entertainment ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လည်း MINA ရဲ့ကျန်းမာရေးအခြေအနေနဲ့ ရလဒ် တွေကို အမြဲဂရုစိုက်ပေးနေပါတယ်။  အခုလက်ရှိမှာတော့ stage ပေါ်မှာဖျော်ဖြေမူတွေအတွက် သူ့အတွက် စိတ်မချသေးတဲ့အခြေအနေကြောင့် သူဖျော်ဖြေဖို့ မရနိုင်ပါဘူး    ဒီနေရာမှာ သူမရဲ့ဆေးစစ်တမ်းတွေကိုသေချာမဖော်ပြနိုင်သေးပါဘူး။ ပြီးတော့ ကျန်းမာရေး အခြေအနေတွေ သေချာသိဖို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေ...

[Kpop4you] အထီးကျန်သေဆုံးခြင်း

By|myanmaronlinecreations                                                            News Wednesday - July 24 - 2019 အထီးကျန်သေဆုံးခြင်း ဂျပန်နိုင်ငံမှာ ဒီအကြောင်းအရာက လူတော်တော်များများအတွက် ထိတ်လန့်စရာဖြစ်ခဲ့သလို ဂျပန်နိုင်ငံရဲ့လူဦးရေအတွက်လည်း စိုးရိမ်စရာဖြစ်နေပါတယ်။ အဲ့တာက Kudokushi လို့ခေါ်တဲ့ အထီးကျန်စွာသေဆုံးခြင်းလို့အတိုချုံးပြောလို့ရပါတယ်။ တနည်းအားဖြင့် တစ်ယောက်တည်းနေရင်း ရုတ်တရက်သေဆုံးသွားရာက အချိန်ကြာတော့မှ သေဆုံးသွားခဲ့တယ်ဆိုတာကိုသိတာမျိုးပါ။ You Tube မှာ Kudokushi လို့ရိုက်ရှာလိုက်ရင် video တွေထွက်လာပါလိမ့်မယ်။  ဂျပန်နိုင်ငံမှာ ဒီပြသာနာက ၁၉၈၀ဝန်းကျင်ကတည်းကရှိခဲ့တာပါ။ နိုင်ငံရဲ့စီးပွားရေးကျပ်တည်းမှု၊ အသက်အရွယ်အိုမင်းရင့်ရော်သူ ဦးရေများပြားမှုတွေကြောင့် Kudokushi ပြသာနာတွေ တဖြည်းဖြည်းစိပ်လို့လာပါတယ်။ ထင်ထင်ရှားရှားအနေနဲ့ သတင်းစာခေါင်းကြီးပိုင်းမှာပါလာတဲ့သတင်းကတော့ လူတော်တော်များများကို သတိထားမိစေခဲ့ပါတယ်...