Skip to main content

[Kpop4you] Dating လုပ်ခွင့်မရှိတဲ့ ဆယ်လီများ

By|Hnin thiri


ဒီညတော့K-Pop4you ပရိတ်သတ်ကြီးကို Kpop လောကရဲ့ Date လုပ်ခွင့်မရှိတဲ့ နာမည်ကြီးဆယ်လီတစ်ချို့နဲ့မိတ်ဆက်ပေးပါ့ရစေ။

1.BTS


နာမည်ကြီး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အပြင် ပရိတ်သတ်အားပေးမှုကလဲ တစ်ကမ္လာလုံးအတိုင်းအတာနဲ့ ရှိတဲ့ BTS တစ်ဖွဲ့လုံးကတော့ Dating ဆိုတာကိုအေ၀းမှာထားထားရမယ့်အခြေအနေမှာရှိပါတယ်။ ဒီလို့ အဖွဲ့၀င်တစ်ယောက်ယောက်ရဲ့ Dating နဲ့ပတ်သတ်တဲ့ သတင်းတစ်ခုခုကို ထုတ်ပြန်လိုက်မယ်ဆိုတာနဲ့ သူတို့ရဲ့အခွေရောင်းအားတွေနဲ့ အားပေးမှုတွေကျဆင်းမှာဖြစ်တာမို့အဖွဲ့၀င်တွေအကုန်လုံး Dating ဆိုတာ ဝေးဝေးကရှောင် ကြရတာပဲဖြစ်ပါတယ်။

2.G-Dragon 


Big Bang အဖွဲ့ Taeyang လိုမျိုးမဟုတ်ပဲ G-Dragon ကတော့ သူရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းဖွင့်ချပြလိုရတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ အားလုံးကစောင့်ကြည့်နေတဲ့ နာမည််ကြီးတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်အင်းအားအများအပြားပိုင်ဆိုင်ထားတဲ့ သူ့လိုလူမျိုးတစ်ယောက်အတွက်တော့ Dating ဆိုတာနဲ့လုံး၀မသက်ဆိုင်သလိုမျိုးနေနေရတဲ့အခြေအနေပါ။

3.EXO


ကမ္ဘာပေါ်မှာ သဲသဲလှုပ်ပရိတ်သတ်အများဆုံးပိုင်ဆိုင်ထားတဲ့ အဖွဲ့တစ်ခုအဖြစ်ရပ်တည်နေတဲ့ သူတို့အတွက်တော့ အချစ်ရေးက စိတ်မကောင်းစရာပါပဲ။ Baekhyun တစ်ယောက်သူ့ရဲ့ Dating အကြောင်းသတင်းထွက်တုန်းကလဲသူတို့ရဲ့ အခွေရောင်းအားတွေနဲ့ ပရိတ်သတ်အားပေးမှုတွေသိသိသာသာကျဆင်းသွားတဲ့အတွက်လုံး၀ကို Dating နဲ့မသတ်ဆိုင်သူတွေအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။

4.Wanna One


ရှိုးပွဲတစ်ခုမှာမမြင်ရအောင်အရှေ့ကပိတ်နေတဲ့ တစ်ယောက်ရဲ့ ဆံပင်ကိုဖြတ်ပစ်တဲ့အထိ အမာခံပရိတ်သတ်အများအပြားအားပေးတဲ့အဖွဲ့တစ်ပဲဖြစ်ပါတယ်။ အဖွဲ့ထဲကတစ်ယောက်သာ တစ်ယောက်ယောက်နဲ့တွဲနေတဲ့ သတင်းသာထွက်လာမယ်ဆိုရင် အမာခံပရိတ်သတ်ကနေ ဆန်ကျင်ဘက် Anti Fan တွေအများပြားဖြစ်လာမှာအ
မှန်ပါပဲ။

5.Black Pink


ပရိတ်သတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ ဒီလိုအဖွဲ့မျိုးအတွက် YG Entertainment ကို်ယ်တိုင်က သူတို့ကို Dating လုပ်ခွင့်လုံး၀မပေးပဲ တားမြစ်ထားရတဲ့အထိပါပဲ။ အောင်မြင်မှုတွေကိုခုမှစတင်နေတဲ့ သူတို့ရဲ့ခြေလှမ်းတွေအတွက် အချစ်ရေးကိုခဏတော့ အဝေး  မှာထားထားရမှာပဲဖြစ်ပါတယ်။

Comments

Popular posts from this blog

[Kpop4you] Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ်

By|MinKhant (kpopper) News Wednesday  - July 24- 2019 Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ် အမျိုးသမီးကေပေါ့ပ်Girls’Generationအဖွဲ့၀င်ယွန်နာနှင့်သရုပ်ဆောင်မင်းသားဂျိုဂျောင်ဆွတ်ခ်သည်JTBCရုပ်သံဌာနကထုတ်လုပ်ဖြန့်ချိသောKnowingBrothersဖျော်ဖြေရေးအစီအစဉ်တွင်ဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ ‘‘သရုပ်ဆောင်ဂျိုဂျောင်ဆွတ်ခ်နဲ့ယွန်နာဟာဇူလိုင်၁၈ရက်KnowingBrothersအစီအစဉ်အတွက်ရိုက်ကူးနေပါတယ်’’ဟုJTBCကဇူလိုင်အတွင်းတည်ပြုခဲ့သည်။ ယွန်နာနှင့်ဂျိုဂျောင်ဆွတ်ခ်သည်ထွက်ရှိတော့မည့်သည်းထိတ်ရင်ဖိုစွန့်စားခန်းရုပ်ရှင်Exitတွင် အဆိပ်ဓာတ်ငွေ့သင့်မြို့တစ်မြို့မှထွက်ပြေးရမည့်အလုပ်လက်မဲ့အမျိုးသားတစ်ဦးနှင့်ကောလိပ်ကျောင်းသူတစ်ဦးအကြောင်း သရုပ်ဆောင်ထားသည်။ ထို့အပြင်၎င်းတို့နှစ်ဦးသည်RunningManပဒေသာဖျော်ဖြေရေးအစီအစဉ်တွင်လည်းဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ Ref;allkpop

◼ Summer Comeback ပြုလုပ်ရန် Seventeen အဖွဲ့အတည်ပြုခဲ့ | Kpop4you

By| Hnin       News>>>     Seventeen အဖွဲ့က နွေရာသီ Comeback တစ်ခုပြုလုပ်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ July 12 နေ့က Seventeen အဖွဲ့ရဲ့ agency Entertainment ကပြောကြားလိုက်တာဖြစ်ပါတယ်။  ""Seventeen အဖွဲ့ရဲ့ New track အသစ်တစ်ခုကို August လ အစောပိုင်းလောက်မှာပဲ ထွက်ရှိတော့မှာပါ " " ဒါတင်မကသေးပါဘူး ဒီ Comeback အတွက် ကြော်ငြာ မှုတွေလုပ်မယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့လည်း အစီအစဉ် တွေရှိပါတယ်လို့" ပြောခဲ့ပါတယ်။   Seventeen အဖွဲ့က ရှေ့မှာတော့ January 21လောက်မှ သူတို့ရဲ့ ၆ ကြိမ်မြောက် mini album တစ်ခုဖြစ်တဲ့ "You Made My Dawn" လည်းထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ် သီချင်း အသစ်လေးကလည်း August လထဲမှာပဲထွက်ရှိတော့မှမို့ ပရိသတ် တွေ လည်းရင်ခုန်လောက်မယ်လို့ထင်ပါတယ်။ Fighting! 🖤  ( K-pop သတင်းလေးတွေ ကြိုက်နှစ်သတ်တယ်ဆိုရင် Like & share လေးလုပ်ပေးပါ)   

[Kpop4you] Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon

By|YeYint Thursday - July 25 - 2019 Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon     နာမည်ကျော် တောင်ကိုရီးယားမင်းသားချော Song Seung Heon အဆိုတော်မင်းသမီးလေး Iu အတွက်လက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။     ဇူလိုင်လ ၂၄ရက်နေ့ကမင်းသား Song Seung Heon ဟာ IU ရဲ့ဇာတ်လမ်းတွဲအသစ်ကိုအားပေးနေကြောင်းပြသတဲ့အနေနဲ့ သူမနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေသောက်ဖို့ ကော်ဖီကားတစ်စီးပို့ပေးခဲ့တာဖြစ်ပါတယ်။ ကော်ဖီ ကားနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေအားတင်းထားကြပါ! IU ရဲ့ fan club ဥက္ကဌ - မင်းသား Song Seung Heon" ဆိုတဲ့စာသားလေးပါရေးထားပါတယ်။သူဟာ IU ရဲ့ ပရိသတ်အကြီးစားပါပေါ့။ အရင်တုန်းကလည်းသူဟာ IU ရဲ့ ပရိသတ် ဖြစ်ကြောင်း မကြာခဏပြောပြခဲ့ဘူးပါတယ်။   IU ကလည်းကော်ဖီကားရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံလေးကို အင်စတာဂရမ်မှာပြန်တင်ရင်း မင်းသား Song Seung Heon ကိုကျေးဇူးတင်ကြောင်းနဲ့ သူမအကောင်းဆုံးလုပ်သွားပါမယ်ဆိုတဲ့အကြောင်းစာသားလေးတင်ထားခဲ့ပါတယ်။အခုလက်ရှိက်ကူးပြသနေဆဲ "Hotel Del Luna" ဇာတ်လမ်းတွဲသစ်ပထမကတည်းကစလို့ ယခုထွက်ရှိပြီးအပိုင်းတွေအထိ ပရိသတ်စိတ်...