Skip to main content

[Kpop4you] အသက်(၂၀)ကျော်တာနဲ့ eye cream လိမ်းပေးရတဲ့အကြောင်းရင်း

By|HninHnin



K-Beauty 4 You


    
July - 24 - 2019

အသက်(၂၀)ကျော်တာနဲ့ eye cream လိမ်းပေးရတဲ့အကြောင်းရင်း---

ဘာကြောင့် အသက်(၂၀)ကျော်တာနဲ့ eye cream ကို ဂရုတစိုက်လိမ်းပေးသင့်တာလဲ။ မျက်လုံးအောက်ဘက်မှာရှိတဲ့ အရေးပြားက မျက်နှာအရေပြားထက်ပိုပြီးနူးညံပြီး အထိအခိုက်မခံလို့ မိတ်ကပ်လိမ်းပါများတဲ့အခါ၊ အသက်အရွယ်ရလာတဲ့အခါ အရေးအကြောင်းတွေက မျက်လုံးအောက်မှာ ပိုပြီးသိသာထင်ရှားလာစေပါတယ်။ တချို့က မျက်နှာအသားအရေကို သေသေချာချာဂရုစိုက်ကြပေမယ့် မျက်လုံးကိုသေချာသန့်စင်ဖို့ မျက်လုံးအောက်က အရေပြားတင်းရင်းလာအောင် ဂရုစိုက်ဖို့မေ့နေတက်ပါတယ်။ အသားအရေအကောင်းဆုံးအချိန်ဖြစ်တဲ့ အရွယ်မှာ စပြီးကာကွယ်ပေးသင့်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ ဆဲလ်တွေရဲ့ဖွဲ့စည်းမှုကနှေးလာသလို၊ အသားအရည်ကိုတောက်ပစေတဲ့ collagen ကလည်းတဖြည်းဖြည်းကျဆင်းလာပါပြီ၊ ဒီလိုအချိန်မှာ ပြန်ပြီး treatment လုပ်ဖို့ဆိုတာ ငယ်ငယ်တုန်းကလို မြန်ချင်မှလည်းမြန်နိုင်ပါတယ်။ ဒါကြောင့် အသက်(၄၀)ဝန်းကျင်လောက်မှ eye cream လိမ်းတာထက် အသင့်တော်ဆုံးအရွယ်က (၂၀)လောက်ကတည်းက ကြိုတင်ပြင်ဆင်ပြီး eye cream လေးကိုသုံးပေးတာက အရေးအကြောင်းတွေကို သိသိသာသာလျော့နည်းစေပါတယ်။
ရေဓာတ်ခမ်းခြောက်လို့သော်လည်းကောင်း၊ အဆီဓာတ်နည်းလာလို့သော်လည်းကောင်း၊ မျက်လုံးနားက မိတ်ကပ်တွေ၊ eye shadow တွေကို သေသေချာချာ မဖြတ်ခဲ့တာသော်လည်းကောင်း အရေးအကြောင်းတွေဖြစ်လာဖို့ ရာခိုင်နှုန်းတော်တော်များများသေချာနေပါပြီ။ Eye cream လိမ်းလိုက်တာနဲ့အရေးအကြောင်းမရှိတော့ဘူးလို့ပြောလို့မရပါဘူး။ ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုမှာလည်း အရေးကြီးလို့ နေရောင်ထဲကို ဘာအကာအကွယ်မှမပါပဲအပြင်ထွက်တာ၊ ဆေးလိပ်သောက်တာ၊ diet ကို စနစ်တကျမဟုတ်ပဲ ပြင်းပြင်းထန်ထန်လုပ်တာ၊ နေလောင်တာတွေရဲ့ အကျိုးဆက်က မျက်လုံးမှာအရင်ဆုံးလာထိခိုက်တာပါ။ ဒါကြောင့် အသားအရေကောင်းနေတဲ့ အရွယ်ကတည်းက ကိုယ့်အသားအရေနဲ့သင့်လျော်မယ့် product မျိုးကိုရွေးချယ်ပြီး မျက်လုံးလေးတွေကို ကာကွယ်ပေးပါလို့……
          

Comments

Popular posts from this blog

[Kpop4you] Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ်

By|MinKhant (kpopper) News Wednesday  - July 24- 2019 Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ် အမျိုးသမီးကေပေါ့ပ်Girls’Generationအဖွဲ့၀င်ယွန်နာနှင့်သရုပ်ဆောင်မင်းသားဂျိုဂျောင်ဆွတ်ခ်သည်JTBCရုပ်သံဌာနကထုတ်လုပ်ဖြန့်ချိသောKnowingBrothersဖျော်ဖြေရေးအစီအစဉ်တွင်ဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ ‘‘သရုပ်ဆောင်ဂျိုဂျောင်ဆွတ်ခ်နဲ့ယွန်နာဟာဇူလိုင်၁၈ရက်KnowingBrothersအစီအစဉ်အတွက်ရိုက်ကူးနေပါတယ်’’ဟုJTBCကဇူလိုင်အတွင်းတည်ပြုခဲ့သည်။ ယွန်နာနှင့်ဂျိုဂျောင်ဆွတ်ခ်သည်ထွက်ရှိတော့မည့်သည်းထိတ်ရင်ဖိုစွန့်စားခန်းရုပ်ရှင်Exitတွင် အဆိပ်ဓာတ်ငွေ့သင့်မြို့တစ်မြို့မှထွက်ပြေးရမည့်အလုပ်လက်မဲ့အမျိုးသားတစ်ဦးနှင့်ကောလိပ်ကျောင်းသူတစ်ဦးအကြောင်း သရုပ်ဆောင်ထားသည်။ ထို့အပြင်၎င်းတို့နှစ်ဦးသည်RunningManပဒေသာဖျော်ဖြေရေးအစီအစဉ်တွင်လည်းဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ Ref;allkpop

◼ Summer Comeback ပြုလုပ်ရန် Seventeen အဖွဲ့အတည်ပြုခဲ့ | Kpop4you

By| Hnin       News>>>     Seventeen အဖွဲ့က နွေရာသီ Comeback တစ်ခုပြုလုပ်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ July 12 နေ့က Seventeen အဖွဲ့ရဲ့ agency Entertainment ကပြောကြားလိုက်တာဖြစ်ပါတယ်။  ""Seventeen အဖွဲ့ရဲ့ New track အသစ်တစ်ခုကို August လ အစောပိုင်းလောက်မှာပဲ ထွက်ရှိတော့မှာပါ " " ဒါတင်မကသေးပါဘူး ဒီ Comeback အတွက် ကြော်ငြာ မှုတွေလုပ်မယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့လည်း အစီအစဉ် တွေရှိပါတယ်လို့" ပြောခဲ့ပါတယ်။   Seventeen အဖွဲ့က ရှေ့မှာတော့ January 21လောက်မှ သူတို့ရဲ့ ၆ ကြိမ်မြောက် mini album တစ်ခုဖြစ်တဲ့ "You Made My Dawn" လည်းထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ် သီချင်း အသစ်လေးကလည်း August လထဲမှာပဲထွက်ရှိတော့မှမို့ ပရိသတ် တွေ လည်းရင်ခုန်လောက်မယ်လို့ထင်ပါတယ်။ Fighting! 🖤  ( K-pop သတင်းလေးတွေ ကြိုက်နှစ်သတ်တယ်ဆိုရင် Like & share လေးလုပ်ပေးပါ)   

[Kpop4you] Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon

By|YeYint Thursday - July 25 - 2019 Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon     နာမည်ကျော် တောင်ကိုရီးယားမင်းသားချော Song Seung Heon အဆိုတော်မင်းသမီးလေး Iu အတွက်လက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။     ဇူလိုင်လ ၂၄ရက်နေ့ကမင်းသား Song Seung Heon ဟာ IU ရဲ့ဇာတ်လမ်းတွဲအသစ်ကိုအားပေးနေကြောင်းပြသတဲ့အနေနဲ့ သူမနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေသောက်ဖို့ ကော်ဖီကားတစ်စီးပို့ပေးခဲ့တာဖြစ်ပါတယ်။ ကော်ဖီ ကားနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေအားတင်းထားကြပါ! IU ရဲ့ fan club ဥက္ကဌ - မင်းသား Song Seung Heon" ဆိုတဲ့စာသားလေးပါရေးထားပါတယ်။သူဟာ IU ရဲ့ ပရိသတ်အကြီးစားပါပေါ့။ အရင်တုန်းကလည်းသူဟာ IU ရဲ့ ပရိသတ် ဖြစ်ကြောင်း မကြာခဏပြောပြခဲ့ဘူးပါတယ်။   IU ကလည်းကော်ဖီကားရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံလေးကို အင်စတာဂရမ်မှာပြန်တင်ရင်း မင်းသား Song Seung Heon ကိုကျေးဇူးတင်ကြောင်းနဲ့ သူမအကောင်းဆုံးလုပ်သွားပါမယ်ဆိုတဲ့အကြောင်းစာသားလေးတင်ထားခဲ့ပါတယ်။အခုလက်ရှိက်ကူးပြသနေဆဲ "Hotel Del Luna" ဇာတ်လမ်းတွဲသစ်ပထမကတည်းကစလို့ ယခုထွက်ရှိပြီးအပိုင်းတွေအထိ ပရိသတ်စိတ်...