Skip to main content

Posts

Showing posts from July, 2019

[Kpop4you] The Eternals ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရလို့ အတွေးမျှေ၀တဲ့ မာဒေါင်ဆွတ်ခ်

By|AungPhyoKyaw Wednesday - July 31- 2019 ◼ The Eternals ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရလို့ အတွေးမျှေ၀တဲ့ မာဒေါင်ဆွတ်ခ်     Bad Guysရုပ်ရှင်ဇာတ်ကားသတင်းစာရှင်းလင်းပွဲ၌တောင်ကိုရီးယားသရုပ်ဆောင်မာဒေါင်ဆွတ်ခ်ကလာမည့်Marvelဇာတ်ကားThe Eternalsနှင့်စပ်လျဉ်း၍မှတ်ချက်ပေးသည်။ မာဒေါင်ဆွတ်ခ်သည်The Eternalsဇာတ်ကားမှတစ်ဆင့် အမေရိကန်ရုပ်ရှင်ပွဲဦးထွက်မည်ဟုMarvelဖျော်ဖြေရေးကုမ္ပဏီကလတ်တလောအတွင်းကြေညာခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင်The Eternalsဇာတ်ကားနှင့်ပတ်သက်၍မာဒေါင်ဆွတ်ခ်က‘‘ကျွန်တော်လုံး၀အံ့အားသင့်ခဲ့တယ်။ဒါကဂုဏ်ပြုမှုတစ်ခုလို့ထင်ပါတယ်။အခုအထိတော့အစီအစဉ်အသေးစိတ်ကိုအတိအကျမပြောနိုင်သေးပါဘူး။The Eternalsအတွက်အကြိမ်ရေအများကြီးရိုက်ကူးရမှာပါ။ဒါကြောင့်အမေရိကန်ကိုခေါက်တုံ့ခေါက်ပြန်သွားရနိုင်ပါတယ်။ပြီးတော့‘The Outlaws2’ဇာတ်ကားအတွက်ရိုက်ရဦးမှာပါ။ဒါကကျွန်တော့်အတွက်တကယ့်ဂုဏ်ပြုမှုပါ။ဒါကြောင့်အလွန်ကျေးဇူးတင်ပါတယ်’’ဟုပြောကြားသည်။ Ref;soompi          

[Kpop4you] လူ့ဘဝကြီးကတိုတောင်းပါတယ်။

By|Zayar Lynn( kpop4you member) Saturday - July 27 - 2019   လူ့ဘဝသက်တမ်းဆိုတာ တိုတိုလေးပါ။ ဘယ်အချိန်မှာ သေမင်းရဲ့ ဘယ်လိုခေါ်ခံရမလဲ မသိတဲ့အချိန် ကိုယ့်ဘဝသက်တမ်းတစ်လျှောက်လုံးကို ဖိအားတွေ၊ အမုန်းတရားတွေ၊ အာဏာတတွေဘာလို့များထားနေကြမလဲ။ အကောင်း၊ အဆိုး၊ အနိမ့်၊ အမြင့် လောကဓံလှိုင်းတွေထဲမှာ လူတိုင်း လူတိုင်း စုန်ချည်၊ဆန်ချည် စီးဆင်းနေကြဆဲပါ။ အကောင်းတွေပဲဖြစ်လာမယ်လို့ ဘယ်သူမှအာမ မခံနိုင်သလို အဆိုးတွေကြီးပဲ ခံနေရမယ်လို့ သတ်မှတ်ချက်တွေမရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အမုန်းတွေနဲ့ ရှေ့ဆက်နေကြမယ့်အစား အမုန်းတရားတွေ အဖြေရှာပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနိုင်ပါတယ်။ ရင်ထဲက အစိုင်အခဲတွေကို တစ်သက်လုံးသိမ်းထားရင်း ကိုယ်သဘောမကျတဲ့လူတွေအတွက် အချိန်ကုန်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်ကလေးနဲ့ပြန်ကြည့်ပါ။ အရာရာဟာ လှပနေတာကို သင်မြင်ပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ အဆိုးမြင်စိတ်တွေ၊လောဘတွေက သင့်ရဲ့ ဖြူစင်ချင်နေတဲ့စိတ်ကို ဝါးမျိုးထားတက်ပါတယ်။ ကိုယ့်ဘဝကောင်းစားဖို့ တပါးသူရဲ့ဘဝတွေကို လှေကားလုပ်စရာမလိုပါဘူး။ ကိုယ်တိုးတက်ဖို့ သူတစ်ပါးကို ချောက်ချစရာမလိုပါဘူး။ အချင်းချင်းရန်တိုက်ပေးစရာမလိုပါဘူး...

[Kpop4you] မုတ်သုံမှာ ခြေထောက်လေးကို ဒီလိုဂရုစိုက်ပါ

By|hellosayarwon Saturday - July 27 - 2019 မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်း ခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီက ခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာ ခြေထောက်လေးက လှနေရင် တစ်ပန်းသာတာပဲနော်။ မိုးရေက ခြေထောက်ကို ထိခိုက်စေနိုင်လား မိုးရေက ခြေထောက်ကိုရော ခြေသည်းကိုပါထိခိုက်စေနိုင်တာပါ။ မိုးရေထဲမှာ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေအများကြီးပါဝင်နေပါတယ်။ ဒီတော့ မုတ်သုံရာသီမှာ ခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့် ခြေထောက်မှာ ရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။ မုတ်သုံရာသီမှာ ခြေထောက်ကို ဒီလိုဂရုစိုက်ပါ မိုးရေကြောင့် ခြေထောက်မှာ ထိခိုက်မှုမဖြစ်စေဖို့ဆိုရင်တော့ အပြင်ကပြန်လာတိုင်းခြေထောက်ကို ရေနဲ့သန့်စင်ဆေးကြောပေးပါ။ ခြေထောက်ကို ရေခြောက်အောင်သုတ်ပေးပါ။ ခြေထောက်ကို ပုံမှန်သန့်စင်ဆေးကြောပါ။ တစ်ပတ်တစ်ခါ ဆဲလ်သေတွေ ဖယ်ရှားပေးပါ။ ခြေထောက်...

[Kpop4you]Cha Eun Woo အတွက်လက်ဆောင်ပို့ပေးလိုက်တဲ့ Jungkook

By|KyawThiha Saturday - July 27 - 2019   Rookie Historian Goo Hae Ryung” ဆိုတဲ့ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲတစ်ခုရိုက်ကူးနေတဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo အတွက် BTS အဖွဲ့ဝင် Jungkook ကကော်ဖီကားတစ်စီးလက်ဆောင်ပို့ပေးခဲ့ပါတယ််််။  ဒီဇာတ်ကားလေးထဲမှာ Cha Eun Woo ကအထီးကျန်နေတဲ့မင်းသားလေးYi Rim ဇာတ်ကောင်နေရာကနေပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးဆုတွေအများကြီးဆွတ်ခူးထားတဲ့ဒါရိုက်တာတစ်ယောဖြစ်တဲ့ Maehwa ကိုယ်တိုင်ရိုက်ကူး ထားတဲ့ ဇာတ်လမ်းတွဲလေး  ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားစရာကောင်းမဲ့ နန်းတွင်းအချစ်ဇာတ်လမ်းတွဲကားကောင်းလေးဖြစ်မှာသေချာပါတယ်။ ဇူလိုင်လ ၂၆ရက်နေ့က Jungkook လက်ဆောင်ပို့ပေးထားတဲ့ ကော်ဖီကားနဲ့အတူဓာတ်ပုံရိုက်ပြီး သူရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။ ကော်ဖီ ကားနဲ့အတူ စာတမ်းလေးတစ်ခုရေးထားပါတယ်။ " ဒီကော်ဖီကိုကြိုက်လား၊ ဒီကော်ဖီလေးကိုသောက်ပြီးပင်ပန်းမှုတွေရှိမှာမဟုတ်ဘူး၊ ဒီဇာတ်လမ်းတွဲလေးလည်းအောင်အောင်မြင်မြင်နဲ့ရိုက်ကူကြပါ။ ကံကောင်းပါစေ Eun Woo! " "ဆရာ Maehwaလည်းဇာတ်ကားကောင်းတွေများများရိုက်နိုင်ပါစေ,BTS အဖွဲ့ဝင် Jungkook " ဆိုပြီးရေးသားထားခဲ့ပါတယ်။ ပြ...

[Kpop4you]Oh My Girl အဖွဲ့ဝင် Hyojungနဲ့သူမရဲ့ခင်မင်ရင်းနှီးမှုကိုပြောပြသွားခဲ့တဲ့ Red Velvet အဖွဲ့ဝင် Seulgi

By|Hnin Saturday - July 27 - 2019  Oh My Girl အဖွဲ့ဝင် Hyojungဟာ သူမရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Red Velvet အဖွဲ့ထဲက Seulgi အကြောင်းကို သူမရဲ့ V Live broadcastတစ်ခုမှာ မှာပြောပြသွားခဲ့ပါတယ်။ ကြည့်ရှုသူ တစ်ယောက်က Red Velvet အဖွဲ့ဝင် Seulgi နဲ့ဘယ်လိုစသိခဲ့တာလဲလို့မေးခဲ့ပြီး သူမကတော့ " Seulgi ဟာ သူမရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီးသူငယ်ချင်းဆက်ဆံရေးကလည်းကောင်းမွန်ခဲ့ပါတယ်။မကြာခင်မှာလည်း သူမနဲ့အတူ Cover Song လေးတွေလည်းဆိုဖို့ စီစဉ်ထားပါတယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့သူမထပ်ပြောပြခဲ့ပါတယ် အဲ့တာကတော့ " သူမက သူငယ်ချင်း တွေအပေါ်ငယ်ငယ်ကတည်းကဂရုစိုက်ပေးခဲ့ပြီး ရိုးသားပြီး ကြင်နာမှုတွေရှိတဲ့သူငယ်ချင်းကောင်းပါ ပြီးတော့ အလုပ်လည်းကြိုးစားပြီး အလုပ်တစ်ခုကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုပြီးစိတ်ကူးအမြဲရှိတဲ့သူပါဆိုပြီးပြောပြခဲ့ပါတယ်။

[Kpop4you]U.S မှာဖျော်ဖြေသွားဖို့ရှိတယ်လို့ ကြော်ငြာလိုက်တဲ့ The Rose တေးဂီတအဖွဲ့

By|Hein Aung  Saturday -July 27-2019 The Rose တေးဂီတအဖွဲ့ဟာဆိုရင် ဖျော်ဖြေမှုတွေပြုလုပ်သွားဖို့ရှိပါတယ်။ ဒီတေးဂီတအဖွဲ့ဟာ သူတို့ရဲ့ ဖျော်ဖြေမှုအတွက်“We Rose You Live”ခေါင်းစဉ်ဖြင့်သြဂုတ်လ ၁၇ရက်နေ့ကစတင်ပြီး အမေရိကန်နိုင်ငံရဲ့မြို့ (၉)မြို့မှာ ဖျော်ဖြေမှုတွေပြုလုပ်သွားဖြစ်ပါတယ်။ ဒီပွဲအတွက်လက်မှတ်များကိုဇူလိုင်လ ၃၀ ရက်နေ့မှာ U.S မှာရောင်းချသွားမှာပါ။ အဖွဲ့ဝင် (၄)ယောက်နဲ့ဖွဲ့စည်းထားတဲ့ "The Rose " အဖွဲ့ဟာ ၂၀၁၇ သြဂုတ်လကစပြီး ပထမဆုံးပွဲထွက်ခဲ့ပါတယ်။ သူတို့ရဲ့ mini album တစ်ခုဖြစ်တဲ့ "Dawn" နဲ့ JTBC showမှာပြသခဲ့တဲ့ “Superband" တို့ဟာ ပရိသတ်အားပေးမှုတွေရရှိခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး ဇူလိုင်လ ၂၅ရက်လောက်မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Woosung ကသူရဲ့ပထမဆုံး ပွဲဦးထွက်သီချင်းအဖြစ် "Face" သီချင်းတစ်ပုဒ်ပြုလုပ်နိုင်ခဲ့ပါတယ်။

[Kpop4you] The Lion King ထဲက Simba နဲ့တူတယ်လို့ပြောခံနေရတဲ့ Lisa ရဲ့ကြောင်လေးLeo

By|popolay.com Thursday - July 25 -2019 The Lion King ထဲက Simba နဲ့တူတယ်လို့ပြောခံနေရတဲ့ Lisa ရဲ့ကြောင်လေး     တောင်ကိုးရီးယား နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink အဖွဲ့မှ Lisa ဟာဆိုရင် ကြောင်ချစ်တတ်သူတစ်ဦးပါ။ Lisa မှာ Leo လို့အမည်ရတဲ့ ကြောင်လေးတစ်ကောင်ရှိပြီး လတ်တလော Lisa ရဲ့ အင်စတာဂရမ် My story အရ Leo ကို The Lion King ရုပ်ရှင်ကားထဲက Simba နဲ့တူတယ်ဆိုပြီး ပြောနေကြပါတယ်။ Lisa ဟာ သူမရဲ့ အင်စတာဂရမ် စတိုရီမှာ ကြောင်လေး Leo ကိုပွေ့ချီထားတဲ့ပုံကို တင်ခဲ့ပါတယ်။ လတ်တလော The Lion King ရုပ်ရှင်ကားဟာလဲ ရုံတင်ပြသနေတာကြောင့် Lisa ရဲ့ကြောင်လေးကို Simba နဲ့တူနေတယ်ဆိုတာ Lisa ပရိတ်သတ်တွေ သတိထားမိသွားပုံပါပဲ။ Simba နဲ့ Lisa ကြောင်လေး Leo တို့ရဲ့ ဓာတ်ပုံကို အင်တာနက်မှာ တွဲဖက်တင်လာကြပါတယ်။ ကောင်လေး Leo နဲ့ Simba ဟာအမှန်တကယ်ပဲ ရုပ်တူနေတော့တာပါပဲ။ ပရိတ်သတ်များက Lisa ကိုချစ်သလို ကြောင်လေး Leo ကိုလဲ ချစ်ပေးကြပါတယ်။ Lisa ကိုယ်တိုင်ကလဲ ချစ်ဖို့ကောင်းသလို Lisa ရဲ့ ကြောင်လေး Leo ကလဲ ချစ်ဖို့ကောင်းနေတော့တာ အမှန်ပါပဲ။ Ref:koreaboo

[Kpop4you] Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon

By|YeYint Thursday - July 25 - 2019 Iu ရဲ့ဇာတ်လမ်းတွဲသစ်လေးကိုအားပေးနေကြောင်းပြသလိုက်တဲ့ မင်းသား Song Seung Heon     နာမည်ကျော် တောင်ကိုရီးယားမင်းသားချော Song Seung Heon အဆိုတော်မင်းသမီးလေး Iu အတွက်လက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။     ဇူလိုင်လ ၂၄ရက်နေ့ကမင်းသား Song Seung Heon ဟာ IU ရဲ့ဇာတ်လမ်းတွဲအသစ်ကိုအားပေးနေကြောင်းပြသတဲ့အနေနဲ့ သူမနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေသောက်ဖို့ ကော်ဖီကားတစ်စီးပို့ပေးခဲ့တာဖြစ်ပါတယ်။ ကော်ဖီ ကားနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတွေအားတင်းထားကြပါ! IU ရဲ့ fan club ဥက္ကဌ - မင်းသား Song Seung Heon" ဆိုတဲ့စာသားလေးပါရေးထားပါတယ်။သူဟာ IU ရဲ့ ပရိသတ်အကြီးစားပါပေါ့။ အရင်တုန်းကလည်းသူဟာ IU ရဲ့ ပရိသတ် ဖြစ်ကြောင်း မကြာခဏပြောပြခဲ့ဘူးပါတယ်။   IU ကလည်းကော်ဖီကားရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံလေးကို အင်စတာဂရမ်မှာပြန်တင်ရင်း မင်းသား Song Seung Heon ကိုကျေးဇူးတင်ကြောင်းနဲ့ သူမအကောင်းဆုံးလုပ်သွားပါမယ်ဆိုတဲ့အကြောင်းစာသားလေးတင်ထားခဲ့ပါတယ်။အခုလက်ရှိက်ကူးပြသနေဆဲ "Hotel Del Luna" ဇာတ်လမ်းတွဲသစ်ပထမကတည်းကစလို့ ယခုထွက်ရှိပြီးအပိုင်းတွေအထိ ပရိသတ်စိတ်...

[Kpop4you] 'EXO' Logo နဲ့ တူတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ 'EXA Kids '

By|KstarLive Thursday -25 -2019 'EXO' Logo နဲ့ တူတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ 'EXA Kids ' ဂျပန်လူမျိုး Contestတစ်ခုဖြစ်တဲ့ 'EXA Kids' အဖွဲ့ရဲ့ Logo က EXO အဖွဲ့ရဲ့ Logo ပုံစံအတိုင်းအရမ်းတူလွန်းနေတယ်လို့ ဝေဖန်မှုတွေရှိလာပါတယ် ဇူလိုင်လ ၂၄ ရက်နေ့က EXA Kids အဖွဲ့ဟာ သူတို့ရဲ့ Twitter page မှာ သူတို့အဖွဲ့ရဲ့ Logo design ကိုတင်ခဲ့ပါတယ်။ တင်ပြီး မကြာခင်မှာတော့ Fan တစ်ယောက်က ဒီ Logo ရဲ့ ပုံစံက EXO အဖွဲ့ Logo နဲ့ တူနေပါတယ်ဆိုပြီး Twitter မှာ Share ထားပါတယ်။ EXA Kids အဖွဲ့ကတော့ ဒီလို ဝေဖန်ချက် တွေအပေါ် တောင်းပန်နေပြီး Fan တွေကိုရှင်းပြထားပါတယ်။' ဒီLogo ပုံစံက overlapping design ဖြစ်ပြီး EXO အဖွဲ့ Logo ကိုအတုခိုးလုပ်ထားတာမဟုတ်ကြောင်းရှင်းပြထားပါတယ်။' ဒီလို ဝေဖန်ချက် တွေကြောင့် EXA Kids အဖွဲ့ဟာ ဆေးနွေးမှုတွေပြုလုပ်ပြီး မနက်ဖြန် ပြန်ပြီး ကြော်ငြာမည်ဟု ပြောကြားခဲ့ပါတယ်။ (K-Pop သတင်းလေးတွေ ဖက်ရတာ နှစ်သတ်တယ်ဆိုရင် သူငယ်ချင်းတွေပါ သိအောင်မျှဝေပေးပါ)

[Kpop4you] Kpop Celeတွေရဲ့တန်ဖိုးကြီးကားများ

By|KTime Thursday - July 25 - 2019 Kpop Celeတွေရဲ့တန်ဖိုးကြီးကားများ တောင်ကိုရီးယားရဲ့ နာမည်ကြီးအဆိုရှင်တွေထဲမှာ ဇိမ်ခံကားကောင်းကောင်းစီးရတာ သဘောကျတဲ့အပြင် သူတို့စီမှာလည်း တန်ဖိုးကြီး ဇိမ်ခံကားကောင်းကောင်းတွေပိုင်ဆိုင်ထားကြပါတယ်။ ရှားပါးပြီး တန်ဖိုးကြီးလှတဲ့ ဇိမ်ခံကားအကောင်းစားတွေကို ဘယ်ဆယ်လီတွေကများပိုင်ဆိုင်ထားလဲ။ (၁)Big Bang G Dragon GDလို့သိကြပါတယ်။ သူ့ရဲ့ Lamborghini Aventadorတန်ဖိုးက အမေရိကန်ဒေါ်လာ (၄သိန်းကနေ၅သိန်း)ဝန်းကျင်မှာရှိပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတွေကိုသဘောကျတဲ့GDမှာ McLaren 650Sနဲ့ Bentley Continental GTတစ်စီးလည်းရှိပါသေးတယ်။ (၂)SUZY ကားမောင်းရတာကိုသဘောကျတက်ပြီး စိတ်ဖိစီးမှုတွေရှိလာတဲ့အခါ ကားလျှောက်မောင်းတက်တဲ့ ကိုကိုတို့ အသဲစွဲ အဆိုတော်မလေး ဆူဇီကတော့ ဒီဇိုင်းသေသပ်လှတဲ့ Porsche 911တစ်စီးရှိပါတယ်။ အမေရိကန်ဒေါ်လာ (၁၄၀၀၀၀)ဝန်းကျင်ရှိပါတယ်။ (၃)Girl Generation Taeyeon Girl Genရဲ့ ခေါင်းဆောင်ကြီး Taeyeonမှာတော့ ဒေါ်လာ(၁၂၀၀၀၀)တန် Mercedes Benz SLK55 AMGနဲ့ Porsche Boxter ရှိပါတယ်တဲ့။ (၄)IU လူကောင်သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့အဆိုတော်မလေး IUကတော့ ကားအ...

[Kpop4you] Angelina Jolie နဲ့အတူ Marvel ရုတ်ရှင်ဇာတ်ကားသစ်ကြီးမှာ ပါဝင်သရုတ်ဆောင်မဲ့ တောင်ကိုရီးယား လူကြမ်းမင်းသားကြီး Ma Dong Suk

By| celegabar.com Thursday - July 25 - 2019 Angelina Jolie နဲ့အတူ Marvel ရုတ်ရှင်ဇာတ်ကားသစ်ကြီးမှာ ပါဝင်သရုတ်ဆောင်မဲ့ တောင်ကိုရီးယား လူကြမ်းမင်းသားကြီး Ma Dong Suk ဖုတ်ကောင်သရဲ တွေများစွာ ကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ရတဲ့ အဖြစ်အပျက် ဇာတ်လမ်း တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားသော "Train to Busan" ဆိုတဲ့ ရင်ထိတ်သည်းဖို ကိုရီးယား ရုပ်ရှင်ကားကြီးကို ကြည့်ရှုဖူးသူတိုင်း ဇနီး နဲ့ ဗိုက်ထဲက ကလေးအတွက် အသက်ပေးပြီး ကာကွယ်သွားတဲ့ ဒီလူကြမ်းကြီးကို ရင်းနှီးခဲ့မယ်ဖြစ်တဲ့ မင်းသားကြီး Ma Don Suk ခေါ် Don Lee ဟာ တောင်ကိုရီးယား နိုင်ငံ ရဲ့အက်ရှင်ဇာတ်ကားတော်တော်များများကို ပင်တိုင် မင်းသားတစ်ယောက်အနေနဲ့ ပါဝင်နေတာလည်းဖြစ်ပါတယ်။ "Train to Busan" ရုပ်ရှင်ကားကြီးနဲ့ အာရှမှာသာမက အနောက်တိုင်း ရုပ်ရှင်လောကတွေအထိ ပရိတ်သတ်တွေ သတိထားမိစေခဲ့တဲ့ Ma Don Sul ဟာ လက်ရှိမှာတော့ သူရဲ့ နောက်ထပ် အနုပညာ လှုပ်ရှားမှုတွေ အနေနဲ့ Marvel Studio ' ရဲ့ရုပ်ရှင်သစ် ဖြစ်တဲ့ 'The Eternals' ဆိုတဲ့ Super Hero ရုပ်ရှင်ဇာတ်ကားသစ်ကြီးမှာ ပါဝင်မယ်လို့အတည်ပြုပြောကြားလာခဲ့ပါတယ်။ The Et...

[Kpop4you] သူမလိုအသားအရည်လှနေဖို့ဆိုတာ

By|HeinAung Thursday - July 24 - 2019 သူမလိုအသားအရည်လှနေဖို့ဆိုတာ တောင်ကိုရီးယားရဲ့နာမည်ကြီးသရုပ်ဆောင် ဆောင်းဟေဂိုကတော့ သူမရဲ့လျှို့ဝှက်ချက်တစ်ခုကို သူမပရိသတ်တွေအတွက်ပြောပြပေးလိုက်ပါတယ်။ တရုတ်ပရိသတ်တွေနဲ့တွေ့ဆုံပွဲတစ်ခုမှာ သူမရဲ့အလှအပလျို့ဝှက်ချက်တစ်ခုပြောပြလိုက်ပါတယ်။ အသက်(၃၀)ကျော်ပေမယ်လို့လည်း ကြွေသားလေးလိုတောက်ပနေတဲ့အသားအရည်ကိုပိုင်ဆိုင်ဖို့ ဆောင်းဟေဂိုရဲ့အကြံပေးချက်ကတော့ “အလုပ်ချိန်ကလွဲရင် ကျန်တဲ့အားလပ်ချိန်တွေမှာ ကျွန်မမိတ်ကပ်လိမ်းလေ့မရှိပါဘူး။ သူငယ်ချင်းတွေနဲ့တွေ့ရင်ပဲဖြစ်ဖြစ် ကို်ယ်ရေးကိုယ်တာကိစ္စရှိနေရင်လည်း မိတ်ကပ်ကို ပါးပါးလေးပဲလိမ်းဖြစ်ပါတယ်။ ပြီးတော့ အစားအသောက်နဲ့ပတ်သတ်ရင်လည်း အသက်(၃၀)မတိုင်ခင်က ကျွန်မအကုန်စားဖြစ်တယ်။ အသက်(၃၀)ကျော်လာတဲ့အချိန် အားလုံးကို ထိန်းထိန်းသိမ်းသိမ်းစားဖို့လိုလာပြီဆိုတာကျွန်မသိလာတယ်။ကျွန်မနေ့တိုင်းအပြေးလေ့ကျင့်တယ်။ ယောဂကစားတယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ ရာသီဥတုကောင်းရင် အိမ်နာကပန်းခြံမှာ လမ်းထွက်လျှောက်လေ့ရှိပါတယ်။ လို့ သူမရဲ့လျှို့ဝှက်ချက်ကိုဝေမျှပေးခဲ့ပါတယ်။

[Kpop4you] မျိူးတုံးအန္တရာယ်ရှိ ခုံးကောင်ကြီးတွေကို ဖမ်းဆီးမှုကြောင့် ထိုင်းမှာတရားစွဲခံရတဲ့ လီယိုလ်အန်း

By|Kyaw Tuesday -25 -2019  မျိူးတုံးအန္တရာယ်ရှိ ခုံးကောင်ကြီးတွေကို ဖမ်းဆီးမှုကြောင့် ထိုင်းမှာတရားစွဲခံရတဲ့ လီယိုလ်အန်း တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးလီယိုလ်အန်းသည်တီဗီအစီအစဉ်တစ်ခုတွင် ပါ၀င်စဉ်မျိုးတုံးမည့်အန္တရာယ် ကျရောက်နေသောခုံးကောင်ကြီးများကိုဖမ်းဆီးမှုဖြင့်ထိုင်းငံ နိုင်ငံ၌တရားစွဲခံထားရပြီးအပြစ်တွေ့ရှိပါကထောင်ဒဏ်လေးနှစ်ချမှတ်ခံရနိုင်သည်ဟုတာ၀န်ရှိသူတစ်ဦးကပြောသည်။ ဇူလိုင်လကထိုင်းအမျိုးသားအဏ္ဏဝါဥယျာဉ်၌‘TheLawoftheJungle’တီဗီအစီအစဉ်ရိုက်ကူးနေစဉ်လီယိုလ်အန်းသည်ကြီးမားသောခုံးသုံးကောင်ကိုဖမ်းဆီးခဲ့သည်။ထို့နောက်အစီအစဉ်ပါ၀င်တင်ဆက်သူများကယင်းခုံးကောင်များကိုစားသုံးခဲ့သည်။ လီယိုလ်အန်းကိုတောရိုင်းတိရစၧာန်ဥပဒေချိုးဖောက်မှုဖြင့်HatChaoMaiအမျိုးသားဥယျာဉ်အကြီးအကဲကအမှုဖွင့်ခဲ့သည်။ ‘‘တာ၀န်ခံရမယ့်တစ်ယောက်ကတော့ခုံးကောင်တွေကိုဖမ်းဆီးခဲ့တဲ့မင်းသမီးပါ။သူကဥပဒေကိုတိုက်ရိုက်ချိုးဖောက်ခဲ့တာပါ’’ဟုယင်းအကြီးအကဲကပြောသည်။ Ref;allkpop;

[Kpop4you] ခွဲစိတ်မှုခံယူထားတယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်တဲ့ဂျင်ဂျီဟီး

By|Kyaw Wednesday - July 24 - 2019 လှပဖို့ ခွဲစိတ်မှုခံယူထားတယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်တဲ့ဂျင်ဂျီဟီး တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးဂျင်ဂျီဟီးက၎င်းသည်သဘာဝအတိုင်းလှပနေသူဖြစ်ကြောင်းဂုဏ်ယူစွာပြောသည်။ ၎င်း၏ပရိသတ်များထံမှမေးခွန်းများကိုဂျင်ဂျီဟီးကအင်စတာဂရမ်မှတစ်ဆင့်အချိန်ပေးကာဖြေကြားခဲ့ပြီးမေးခွန်းအများအပြားအနက်လက်ရှိမည်သည့်နေရာရောက်ရှိနေကြောင်းနှင့်ပရိသတ်တစ်ဦးကဂျင်ဂျီဟီးအနေဖြင့်မျက်ရစ်နှစ်ထပ်ဖြစ်စေရန်လတ်တလောခွဲစိတ်ကုသမှုခံယူခဲ့ခြင်းရှိ၊မရှိမေးမြန်းခဲ့သည်။ ‘‘မျက်ရစ်နှစ်ထပ်ဖြစ်စေဖို့ကျွန်မခွဲစိတ်ကုသမှုမလုပ်ခဲ့ပါဘူး။ကျွန်မမျက်နှာကိုဘာဆိုဘာမှမလုပ်ပါဘူး’’ဟုဂျင်ဂျီဟီးကပွင့်လင်းယဉ်ကျေးစွာဖြေကြားခဲ့သည်။ ထို့အပြင်လာမည့်အစီအစဉ်များ၊လက်ရှိအကြိုက်ဆုံးသီချင်း၊၎င်း၏မိတ်ကပ်လျှို့ဝှက်ချက်နှင့်ကျန်းမာရေးနှင့်လျော်ညီစွာချင့်ချိန်စားသောက်မှုအချက်အလက်များနှင့်ပတ်သက်၍ပရိသတ်များ၏မေးခွန်းများကိုဂျင်ဂျီဟီးကဖြေကြားခဲ့သည်။ ၂၀၀၃‘YellowHandkerchief’ဒရာမာဇာတ်ကားတွင်ကလေးသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ဘဝစတင်ခဲ့သူဂျင်ဂျီဟီးသည်‘HighKickThroughtheRoof’ ဟာသဇာတ်လမ်းတွင်လူသိများလာသည်။ —Ref:Soompi:Soompi

[Kpop4you] Dating လုပ်ခွင့်မရှိတဲ့ ဆယ်လီများ

By|Hnin thiri ဒီညတော့K-Pop4you ပရိတ်သတ်ကြီးကို Kpop လောကရဲ့ Date လုပ်ခွင့်မရှိတဲ့ နာမည်ကြီးဆယ်လီတစ်ချို့နဲ့မိတ်ဆက်ပေးပါ့ရစေ။ 1.BTS နာမည်ကြီး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အပြင် ပရိတ်သတ်အားပေးမှုကလဲ တစ်ကမ္လာလုံးအတိုင်းအတာနဲ့ ရှိတဲ့ BTS တစ်ဖွဲ့လုံးကတော့ Dating ဆိုတာကိုအေ၀းမှာထားထားရမယ့်အခြေအနေမှာရှိပါတယ်။ ဒီလို့ အဖွဲ့၀င်တစ်ယောက်ယောက်ရဲ့ Dating နဲ့ပတ်သတ်တဲ့ သတင်းတစ်ခုခုကို ထုတ်ပြန်လိုက်မယ်ဆိုတာနဲ့ သူတို့ရဲ့အခွေရောင်းအားတွေနဲ့ အားပေးမှုတွေကျဆင်းမှာဖြစ်တာမို့အဖွဲ့၀င်တွေအကုန်လုံး Dating ဆိုတာ ဝေးဝေးကရှောင် ကြရတာပဲဖြစ်ပါတယ်။ 2.G-Dragon  Big Bang အဖွဲ့ Taeyang လိုမျိုးမဟုတ်ပဲ G-Dragon ကတော့ သူရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းဖွင့်ချပြလိုရတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ အားလုံးကစောင့်ကြည့်နေတဲ့ နာမည််ကြီးတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်အင်းအားအများအပြားပိုင်ဆိုင်ထားတဲ့ သူ့လိုလူမျိုးတစ်ယောက်အတွက်တော့ Dating ဆိုတာနဲ့လုံး၀မသက်ဆိုင်သလိုမျိုးနေနေရတဲ့အခြေအနေပါ။ 3.EXO ကမ္ဘာပေါ်မှာ သဲသဲလှုပ်ပရိတ်သတ်အများဆုံးပိုင်ဆိုင်ထားတဲ့ အဖွဲ့တစ်ခုအဖြစ်ရပ်တည်နေတဲ့ သူတို့အတွက်တော့ အချစ်ရေးက စိတ်မကောင်...

[Kpop4you] ဂီတနဲ့သရုပ်ဆောင် အလုပ်နှစ်ခုလုံးလုပ်မယ့် Apink အဖွဲ့၀င် ဂျောင်အန်ဂျီ

By|Bora Kit News ဂီတနဲ့သရုပ်ဆောင် အလုပ်နှစ်ခုလုံးလုပ်မယ့် Apink အဖွဲ့၀င် ဂျောင်အန်ဂျီ သဘာ၀လွန်လျှို့၀ှက်ဆန်းကြယ်အရာများကိုစုံစမ်းစစ်ဆေးသောစာသင်ကျောင်းကလပ်တစ်ခုအကြောင်း ရိုက်ကူးထားသော0.0MHZသည်းထိတ်ရင်ဖိုဇာတ်ကားနှင့်ပတ်သက်၍အမျိုးသမီးကေပေါ့ပ်Apinkအဖွဲ့၀င်ဂျောင်အန်ဂျီကတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ဖြေကြားသည်။ ယင်းဇာတ်ကားတွင်ဂျောင်အန်ဂျီကသရဲများကိုမြင်နိုင်စွမ်းရှိသောဆိုဟီးအမည်ရှိမိန်းကလေးအဖြစ်သရုပ်ဆောင်ထားသည်။ တွေ့ဆုံမေးမြန်းခန်းတွင်ဂျောင်အန်ဂျီကဂီတနှင့်သရုပ်ဆောင်နယ်ပယ်နှစ်ရပ်စလုံး၌ဆက်လက်လှုပ်ရှားရေး ၎င်း၏သနိ္နဋ္ဌာန်ကိုမျှေ၀ခဲ့သည်။ ‘‘Apinkအဖွဲ့၀င်မဟုတ်ဘဲ Reply1997ဇာတ်ကားမှာပါ၀င်သရုပ်ဆောင်ရုံနဲ့တူညီတဲ့ ပရိသတ်ရဲ့အချစ်ပမာဏရပါ့မလား’’ဟုမေးမြန်းခံရရာဂျောင် အန်ဂျီက‘‘မထင်ပါဘူး။ကျွန်မကိုသရုပ်ဆောင်တစ်ယောက်အနေနဲ့အသိအမှတ်ပြုခံချင်တယ်ဆိုရင်ကိုယ့်အစွမ်းအစတွေကို တည်ဆောက်ဖို့လိုပါသေးတယ်။ တကယ်လို့ရှေ့ဆက်ကြိုးစားရင်တစ်နေ့မှာသရုပ်ဆောင်တစ်ယောက်အနေနဲ့အသိအမှတ်ပြုခံရမယ်လို့ကျွန်မယုံကြည်ပါတယ်’’ဟုဖြေကြားသည်။ Ref;Soompi

[Kpop4you] Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ်

By|MinKhant (kpopper) News Wednesday  - July 24- 2019 Knowing Brothers ဖျော်ဖြေရေးအစီအစဉ်မှာ သရုပ်ဆောင်မယ့် ယွန်နာနဲ့ဂျိုဂျောင်ဆွတ်ခ် အမျိုးသမီးကေပေါ့ပ်Girls’Generationအဖွဲ့၀င်ယွန်နာနှင့်သရုပ်ဆောင်မင်းသားဂျိုဂျောင်ဆွတ်ခ်သည်JTBCရုပ်သံဌာနကထုတ်လုပ်ဖြန့်ချိသောKnowingBrothersဖျော်ဖြေရေးအစီအစဉ်တွင်ဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ ‘‘သရုပ်ဆောင်ဂျိုဂျောင်ဆွတ်ခ်နဲ့ယွန်နာဟာဇူလိုင်၁၈ရက်KnowingBrothersအစီအစဉ်အတွက်ရိုက်ကူးနေပါတယ်’’ဟုJTBCကဇူလိုင်အတွင်းတည်ပြုခဲ့သည်။ ယွန်နာနှင့်ဂျိုဂျောင်ဆွတ်ခ်သည်ထွက်ရှိတော့မည့်သည်းထိတ်ရင်ဖိုစွန့်စားခန်းရုပ်ရှင်Exitတွင် အဆိပ်ဓာတ်ငွေ့သင့်မြို့တစ်မြို့မှထွက်ပြေးရမည့်အလုပ်လက်မဲ့အမျိုးသားတစ်ဦးနှင့်ကောလိပ်ကျောင်းသူတစ်ဦးအကြောင်း သရုပ်ဆောင်ထားသည်။ ထို့အပြင်၎င်းတို့နှစ်ဦးသည်RunningManပဒေသာဖျော်ဖြေရေးအစီအစဉ်တွင်လည်းဧည့်သည်အဖြစ်ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ Ref;allkpop

[K-pop4you] သရဲကားကြည့်ရင် ဒါတွေကောင်းတယ်

By|MinKhantKyaw K-Knowledge 4 You    Wednesday - July 24 - 2019 သရဲကားကြည့်ရင် ဒါတွေကောင်းတယ် တကယ်မဟုတ်မှန်းသိပေမယ့်လည်း ကြောက်စရာကောင်းတဲ့ အသံတွေနဲ့ ရုပ်တွေမြင်ရင် ငယ်သံပါအောင် အော်ပြီး သရဲကားကို ကြည့်ကြပါတယ်။ ကြောက်လွန်းလို့ ဘေးကသူငယ်ချင်းတွေကို ကွယ်ပြီး ရုပ်ရှင်တကားလုံးပြီးအောင်ကြည့်တာလည်း သူတို့ပါပဲ။ ရုတ်တရက်ထိတ်လန့်စရာကောင်းတဲ့အခန်းမျိုးတွေမှာဖြစ်တက်တဲ့ စိတ်လှုပ်ရှားမှုတွေကိုသဘောကျလို့ ကြည့်ကြသလို၊ တချို့ကြပြန်တော့လည်း ကြောက်တက်လို့ကို သရဲကားကြည့်တဲ့သူတွေလည်း ပါပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သရဲကားကြည့်တဲ့အခါ ကျန်းမာရေးအတွက် ကောင်းစေနိုင်တဲ့ ကောင်းကျိုးတွေကို ဗဟုသုတအနေနဲ့ မင်မင်ကပြောပေးချင်ပါတယ်။ (၁)နှုတ်ဆိတ်မှုကိုပေးပါတယ်။ သရဲကားကြည့်တာက တခြားရုပ်ရှင်တွေကြည့်တာနဲ့မတူဘူးဆိုတာ အားလုံးသိမှာပါ။ တကယ်ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်းတွေဆိုရင် ဇာတ်လမ်းအစကနေ လုံးဝအသက်ရှုတောင်မကြားရအောင် ငြိမ်ပြီး ကြည့်နေရတာကိုက feelတစ်ခုပါ။ သရဲကားကြည့်နေတဲ့ဘယ်သူမှစကားအများကြီးမပြောပဲ ငြိမ်နေတာကို သရဲကားကြည့်ခြင်းရဲ့ထူးခြားချက်ပါ။ မယုံရင် conjuring ကိုတစ်ယောက်တည်းကြည့်ကြည့်ပေါ့။ (၂)ဦးနှောက...

[Kpop4you] အသက်(၂၀)ကျော်တာနဲ့ eye cream လိမ်းပေးရတဲ့အကြောင်းရင်း

By|HninHnin K-Beauty 4 You      July - 24 - 2019 အသက်(၂၀)ကျော်တာနဲ့ eye cream လိမ်းပေးရတဲ့အကြောင်းရင်း--- ဘာကြောင့် အသက်(၂၀)ကျော်တာနဲ့ eye cream ကို ဂရုတစိုက်လိမ်းပေးသင့်တာလဲ။ မျက်လုံးအောက်ဘက်မှာရှိတဲ့ အရေးပြားက မျက်နှာအရေပြားထက်ပိုပြီးနူးညံပြီး အထိအခိုက်မခံလို့ မိတ်ကပ်လိမ်းပါများတဲ့အခါ၊ အသက်အရွယ်ရလာတဲ့အခါ အရေးအကြောင်းတွေက မျက်လုံးအောက်မှာ ပိုပြီးသိသာထင်ရှားလာစေပါတယ်။ တချို့က မျက်နှာအသားအရေကို သေသေချာချာဂရုစိုက်ကြပေမယ့် မျက်လုံးကိုသေချာသန့်စင်ဖို့ မျက်လုံးအောက်က အရေပြားတင်းရင်းလာအောင် ဂရုစိုက်ဖို့မေ့နေတက်ပါတယ်။ အသားအရေအကောင်းဆုံးအချိန်ဖြစ်တဲ့ အရွယ်မှာ စပြီးကာကွယ်ပေးသင့်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ ဆဲလ်တွေရဲ့ဖွဲ့စည်းမှုကနှေးလာသလို၊ အသားအရည်ကိုတောက်ပစေတဲ့ collagen ကလည်းတဖြည်းဖြည်းကျဆင်းလာပါပြီ၊ ဒီလိုအချိန်မှာ ပြန်ပြီး treatment လုပ်ဖို့ဆိုတာ ငယ်ငယ်တုန်းကလို မြန်ချင်မှလည်းမြန်နိုင်ပါတယ်။ ဒါကြောင့် အသက်(၄၀)ဝန်းကျင်လောက်မှ eye cream လိမ်းတာထက် အသင့်တော်ဆုံးအရွယ်က (၂၀)လောက်ကတည်းက ကြိုတင်ပြင်ဆင်ပြီး eye cream လေးကိုသုံးပေးတာက အရေးအကြောင်းတွေကို သိသိသာသာလျော့နည်းစေပ...

[Kpop4you] ဇာတ်ကားတွေကို စိစစ်ရိုက်ကူးသွားမယ်ဆိုတဲ့ ဖွေးဖွေး

By|Myanmaronlinecreations Celebrity News Wednesday - July 24 - 2019 ဇာတ်ကားတွေကို စိစစ်ရိုက်ကူးသွားမယ်ဆိုတဲ့ ဖွေးဖွေး ဇာတ်ကားရိုက်ကူးရေးနည်းသည့်သရုပ်ဆောင်ဖွေးဖွေးကနောက်ပိုင်းတွင်လည်းဇာတ်ကားများကိုပို၍စိစစ်ရိုက်ကူးမည်ဖြစ်ကြောင်းပြောသည်။ ‘‘အားလုံးထဲမှာတော့ဖွေးကရိုက်ကူးရေးပိုနည်းပါတယ်။နောက်ပိုင်းမှာလည်းပိုစိစစ်ပြီးပိုပြီးလျှော့သွားဖို့ပဲရှိပါတယ်။ကားကောင်းတစ်နှစ်မှာအလွန်ဆုံးသုံးကားရှိရင်ကျေနပ်ပြီ။အဲဒီသုံးကားကိုအားသွန်ခွန်စိုက်နဲ့ကြိုးစားပြီးရိုက်လိုက်မယ်။ ကားတွေအများကြီးမရိုက်တော့ဘူး’’ဟု၎င်းကပြောသည်။ ပရိသတ်များကချစ်ကြိုက်ကွဲညားဇာတ်လမ်းများကိုမကြည့်ချင်တော့ဟုကြားသိရသဖြင့်အမျိုးအစားစုံအောင်ရိုက်ကူးခဲ့ကြောင်းပြောသည်။ ‘‘အရင်နှစ်ကဆိုရွှေကြာ၊သမ္မတကြီးထံပေးစာ၊မုန်းစွဲ၊အချစ်တစ်ခုတည်းမဟုတ်ဘဲနိုင်ငံရေးနဲ့ပတ်သက်တာတွေ၊ဘာသာရေးနဲ့ပတ်သက်တာတွေ၊ပြည့်တန်ဆာနဲ့ပတ်သက်တာ၊သရဲနဲ့ပတ်သက်တာအကုန်စုံအောင်ရိုက်တယ်။ဒီနှစ်တော့ဖွေးအချစ်ဟာသလေးတွေပြန်ရိုက်ဖို့စဉ်းစားထားပါတယ်’’ဟု၎င်းကပြောသည်။ ၎င်းပါ၀င်သရုပ်ဆောင်ထားသည့်‘သူစိမ်းအိမ်’ဇာတ်ကားရုံတင်ပြသချိန်တွင်ကားရိုက်နေစဉ်ဒဏ်ရာရသည့်ပုံများကိုအမှတ်တရတင်ပေး...

[Kpop4you] တည်ငြိမ်သွားတဲ့မိန်းကလေးတွေ ဘယ်တော့မှမပြောတဲ့စကားများ

By|ToeToe Entertainment Wednesday - July 24 - 2019 တည်ငြိမ်သွားတဲ့မိန်းကလေးတွေ ဘယ်တော့မှမပြောတဲ့စကားများ အသက်(၂၅)နှစ်ကျော်သွားပြီဆိုသွားတာနဲ့ မိန်းကလေးတော်တော်များများက ပြောင်းလဲသွားတက်ပါတယ်။ ပိုပြီးတည်ငြိမ်ရင့်ကျက်လာသလို အရာရာကို တွေးတောဆင်ခြင်လာပါပြီ။ ဘယ်ကိစ္စမဆို အလောတကြီးလုပ်တာတွေ နည်းနည်းလာသလို အချစ်ရေးမှာလည်း နှလုံးသားထက် ဦးနှောက်ကိုပါသုံးလာတက်ပါပြီ။သူတို့စိတ်ဓာတ်ကျနေဆိုရင်လည်း အရင်ကလို ပုံပန်းသကဏ္႑ာန်တွေထက် သူတို့တကယ်အားကိုးရတဲ့သူတစ်ယောက်တည်းဆီမှာပဲ ရင်ဖွင့်တက်ကြပါပြီ။ ပင်ပန်းလိုက်တာ။ အရင်ကတော့ပြောကောင်းပြောလိမ့်မယ်။ ဒါပေမယ့် တကယ်တည်ငြိမ်သွားပြီဆိုရင် ရင်ထဲမှာပဲထားတက်လာပါပြီ။ လူတွေရှေ့မှာ ဘယ်လောက်ပင်ပန်းကြောင်းပြောဖို့ဆိုတာ သူတို့ အတွက်တော်တော်ဝင်လေးနေပါပြီ။  ချစ်တဲ့သူတွေကို ချစ်တယ်ဆိုတဲ့စကားလုံးတွေထက် လိုအပ်တာတွေဖြည့်စည်းပေးရင်း ပိုပြီးဂရုစိုက်လာပါပြီ။  တိုက်ခိုက်သူတွေကို ရင့်ရင့်သီးသီးစကားတွေထက် အောင်မြင်မှုနဲ့ပဲ အနိုင်ယူတက်ကြပါပြီ။ ရင်ထဲကမပါတဲ့အကြောင်းအရာတွေအတွက် စကားလုံးတွေနဲ့အချိန်တွေ ဖြုန်းလေ့မရှိသလောက်ပါပဲ။ သူတို့ဘေးမှာ တယောက်ယောက်ကို အလိုရှိရင်...