Skip to main content

Posts

Showing posts from August, 2019

Kill This Love ရဲ့ဂျပန်ဗားရှင်းအတွက်အယ်လ်ဘမ်ကာဗာထုတ်ဖော်ပြသတဲ့ BLACKPINK

By|Hsu News Monday - August 19 - 2019 Kill This Love ရဲ့ဂျပန်ဗားရှင်းအတွက်အယ်လ်ဘမ်ကာဗာထုတ်ဖော်ပြသတဲ့ BLACKPINK အမျိုးသမီးကေပေါ့ပ်အဖွဲ့BLACKPINKသည်ဂျပန်နိုင်ငံသို့သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။ BLACKPINKအဖွဲ့သည်၎င်းတို့၏ကမ်ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကိုလတ်တလောအောင်မြင်စွာအဆုံးသတ်ပြီးလောလောဆယ်Kill This Loveသီချင်းပုံစံသစ်ပါ၀င်သောဂျပန်အယ်လ်ဘမ်ထွက်ရှိရေးအာရုံစိုက်နေသည်။ BLACKPINKအဆိုရှင်များသည်ဂျပန်ဗားရှင်းအယ်လ်ဘမ်ကာဗာအတွက်အဖြူနှင့်အမည်းဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့အပြင်BLACKPINKအနေဖြင့်ဂီတပုံစံသစ်တစ်ခုနှင့်ပတ်သက်၍ပြင်ဆင်နေပုံပေါ်ကြောင်းallkpopသတင်း၀က်ဘ်ဆိုက်ကဖော်ပြသည်။ Ref;allkpop           © 2019 myanmaronlinecreations.com

[Kpop4you] ကိုရီးယားမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမယ့် BLACKPINK အဖွဲ့

By|Jko ကိုရီးယားမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမယ့် BLACKPINK အဖွဲ့ တောင်ကိုရီးယားမိန်းကလေးအဆိုရှင်အဖွဲ့BLACKPINKသည်ကိုးလအတွင်းတောင်ကိုရီးယားတွင်တစ်ဖွဲ့တည်းဖျော် ဖြေမှုအဖြစ်2019PrivateStage- Chapter1ကိုစက်တင် ဘာ၂၁ရက်၌ကျင်းပမည်ဖြစ်သည်။ ဆိုးလ်မြို့Olympic Parkအိုလံပစ်ခန်းမ၌နေ့လယ်၁နာရီ နှင့်ညနေ၆နာရီတွင်ရှိုးပွဲနှစ်ပွဲကျင်းပမည်ဖြစ်ပြီးFanclubအဖွဲ့၀င်များအားသြဂုတ်၂၀ရက်တွင်လက်မှတ်များရောင်းချကာသြဂုတ်၂၂နှင့်၂၃ရက်တွင်အများပြည်သူသို့လက်မှတ်များရောင်းချမည်ဖြစ်သည်။ BLACKPINKအဖွဲ့သည်မကြာသေးမီကတိုက်ကြီးလေးတိုက်မှမြို့ကြီး၂၃မြို့တွင်ကျင်းပခဲ့သောInYourAreaကမ်ဘာလှည့်ဖျော်ဖြေပွဲကိုအဆုံးသတ်ပြီးဆိုးလ်မြို့ပွဲကိုစီစဉ်ခြင်းဖြစ်သည်။  Allkpop            © 2019 myanmaronlinecreations.com

[Kpop4You] Fin.K.L အဖွဲ့၀င်လီဂျင်းနဲ့ နယူးယောက်မှာ လည်ပတ်တဲ့ လီဟိုရီ

By|MinThuTa Fin.K.L အဖွဲ့၀င်လီဂျင်းနဲ့ နယူးယောက်မှာ လည်ပတ်တဲ့ လီဟိုရီ လီဟိုရီသည်နယူးယောက်မြို့တွင်Fin.K.Lအဖွဲ့၀င်လီဂျင်းထံတကူးတကသွားရောက်လည်ပတ်ခဲ့သည်။ ဂီတအဖွဲ့၀င်နှစ်ဦးသည်JTBC၏CompingClubအစီအစဉ်တွင်စိတ်လှုပ်ရှားဖွယ်ရာပြန်လည်တွေ့ဆုံပြီးနောက်၎င်းတို့နှစ်ဦးသားဆက်ဆံရေးပိုမိုနီးကပ်လာပြီးကိုရီးယားပြင်ပ၌ပင်ခိုင်မြဲနေပုံရသည်။ နယူးယောက်မြို့တွင်လီဟိုရီနှင့်လည်ပတ်နေပုံကိုလီဂျင်းကအင်စတာဂရမ်၌ဓာတ်ပုံတင်ခဲ့သည်။အိမ်ထောင်ကျပြီးနယူးယောက်တွင်နေထိုင်နေသောFin.K.Lအဖွဲ့၀င်က‘‘ကျွန်မတို့ရဲ့ခေါင်းဆောင်နဲ့နယူးယောက် မှာတွေ့ဆုံခဲ့တာအရမ်းကောင်းတယ်’’ဟုလည်းစာတန်းရေးထိုးထားသည်။ ၎င်းတို့နှစ်ဦးတွေ့ဆုံမှုကိုမင်းသမီးဆောင်းဟေကိုကလည်း‘အရမ်းကောင်းတယ်ကွာ’ဟုရေးသားကာပြုံးနေသောအရုပ်လေးနှင့်ထောက်ခံခဲ့သည်။ Soompi           © 2019 myanmaronlinecreations.com